တရုတ်-မြန်မာနယ်စပ်ရှိ ဟုဆားပန်းပင်လယ်မာရသွန်ပြိုင်ပွဲတွင် အပြေးသမား ၁၃၃၈ ဦး ပါ၀င်ယှဥ်ပြိုင်ခဲ့

Yunnan Gateway, March 27, 2023
Size:

မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် “သာယာလှပသော လုံချွမ်း”၂၀၂၃ ခုနှစ် ဟုဆားပန်းပင်လယ်မာရသွန်ပြိုင်ပွဲသည် တရုတ်-မြန်မာနယ်စပ်ရှိ လုံချွမ်းခရိုင် ဟုဆားကျေးရွာ၌ ကျင်းပပြီး တရုတ်နိုင်ငံတစ်ဝှမ်းမှ အပြေးသမား ၁၃၃၈ ဦးတို့သည် လှပသော ဟုဆားကျေးရွာတွင် လွတ်လပ်‌ပျော်ရွှင်စွာ ပြေးလွှားခဲ့ကြောင်း သိရပါသည်။

ပြိုင်ပွဲတွင် ၁၀ ကီလိုမီတာ အပြေးပြိုင်ပွဲ၊ Half Marathon အပြေးပြိုင်ပွဲနှင့် Full Marathon အပြေးပြိုင်ပွဲဟူ၍ အပြေးပြိုင်ပွဲ သုံးမျိုးရှိသည်။ တာလွတ်ခြင်းနှင့် ပန်းတိုင်များကို ဟုဆား အာချမ်းတိုင်းရင်းသားကျေးရွာတွင် သတ်မှတ်ထားသည်။ "အပြေးပြိုင်ပွဲလမ်းကြောင်းဟာ ဟုဆားကျေးရွာရဲ့ ရွာပတ်လမ်းပါ။ ဒါက သဘာဝစစ်စစ် မာရသွန် အပြေးပြိုင်ပွဲ လမ်းကြောင်းပါ။ ပြိုင်ပွဲလမ်းတလျှောက်မှာ ရှုခင်းအလှတရားတွေ သာယာလှပပြီး မုန်ညှင်းပန်းတွေရဲ့ ရနံ့တွေ သင်းပျံ့နေပါတယ်။ လမ်းတစ်လျှောက် ခံစားရတဲ့ အတွေ့အကြုံက အရမ်းကောင်းပါတယ်"ဟု ပြိုင်ပွဲဝင် ဝူဟုန်းလုံးက ပြောဆိုပါသည်။ လမ်းပေါ်တွင် ပြေးနေသည့် ပြိုင်ပွဲဝင်များသည် ဟုဆားကျေးရွာ၏ လယ်ယာရှုခင်းအလှတရားများကို ရှုစားရုံမျှသာမက ဟုဆားအာချမ်းတိုင်းရင်းသားလူမျိုးတို့၏ ဓလေ့ထုံးတမ်းများကိုလည်း တွေ့ကြုံခံစားနိုင်သည်ဟု သူက ဆက်လက်ပြောဆိုသည်။ (ဆောင်းပါးအရင်းအမြစ် - လုံချွမ်းခရိုင်မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)