၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် အကောင်အထည် ဖော်မည့် ထိုင်းစီမံကိန်းလုပ်ငန်းများ စတင်

CRI, March 24, 2023
Size:

၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည့် ထိုင်းစီမံကိန်းလုပ်ငန်းများ စတင်ခြင်းအခမ်းအနားကို မတ်လ ၂၃ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ရာ ထိုင်းနိုင်ငံဆိုင်ရာ လန်ချန်း-မဲခေါင်တစ်လျှောက်ရှိ နိုင်ငံများမှ သံရုံးကိုယ်စားလှယ်များ၊ ထိုင်းနိုင်ငံ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။


အခမ်းအနားတွင် ထိုင်းနိုင်ငံအဆင့်မြင့်ပညာ၊ သိပ္ပံနည်းပညာသုတေသနနှင့် တီထွင် ဆန်းသစ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် စက်မှုဝန်ကြီးဌာနစသည့် ဝန်ကြီးဌာန (၇) ခုတို့သည် လယ်ယာစိုက်ပျိုးရေး၊ အစားအစာလုံခြုံရေး၊ အများပြည်သူ ကျန်းမာရေး၊ ရေအရင်းအမြစ်အသုံးပြုရေး၊ Circular စီးပွားရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နှင့် လူငယ်များပြုစုပျိုးထောင်ရေး စသည့်နယ်ပယ်များအပါအဝင် မိမိဝန်ကြီးဌာနမှ အကောင်အထည်ဖော်နေသည့် စီမံကိန်းလုပ်ငန်းများအကြောင်းကို အသီးသီး ရှင်းလင်း ပြောကြားခဲ့ကြပါသည်။


ယခုနှစ်သည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးစနစ်ကို ထူထောင်သည့် (၇)နှစ်ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ တရုတ်၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် အပါအဝင် လန်ချန်း-မဲခေါင်တစ်လျှောက်ရှိနိုင်ငံ ၆နိုင်ငံမှ အတူတကွပါဝင် ဆောင်ရွက်နေသည့် ပထမဆုံး အမျိုးအစားသစ် ဒေသငယ် ပူးပေါင်းဆောင်ရွက်ရေး စနစ်အဖြစ် (၇)နှစ် အတွင်းတွင် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေးသည် လျန်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး အောင်မြင်မှုများ သိသိသာသာရရှိခဲ့ပါသည်။ ထိုင်းနိုင်ငံသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး၏ အဓိကအစပြုသူ ဖြစ်ပြီး (၇)နှစ်အတွင်းတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ၌ တက်ကြွစွာ ပါဝင်ပြီး ယခုအထိ စီမံကိန်းလုပ်ငန်း ၅၉ ခုကို ခွင့်ပြုခဲ့ပြီ ဖြစ်ကာ အထူးရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆သန်း ကျော်ရရှိခဲ့ပါသည်။ အထူးရန်ပုံငွေဖြင့် ပြည်သူများ၏ နေထိုင်မှုဘဝမြှင့်တင်ပြီး အရည်အသွေးမြင့်သော စီမံကိန်းလုပ်ငန်းများစွာကို အကောင်အထည်ဖော်ခဲ့ပြီး ဒေသခံပြည်သူများ၏ နေထိုင်မှုဘဝ ကောင်းမွန်တိုးတက်စေရေးနှင့် စီးပွားရေး လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အထောက်အကူပြုခဲ့ပါသည်။