ဝမ်တိန်နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံ၏ ပထမဆုံး "အင်တာနက် + နယ်စပ်ဒေသပြည်သူပြည်သားများ အပြန်အလှန် ရောင်းဝယ်ရေးစျေးကွက်"၏ လက်တွေ့ကျသော Secondary Market ငွေရှင်းရန် VAT အထူးပြေစာကို ထုတ်ပေးနိုင်ခဲ့

Yunnan Gateway, March 24, 2023
Size:

မတ်လ ၁၁ ရက်နေ့တွင် တရုတ်-မြန်မာနယ်စပ်ရှိ ဝမ်တိန်နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံ၏ ပထမဆုံး "အင်တာနက် + နယ်စပ်ဒေသပြည်သူပြည်သားများ အပြန်အလှန် ရောင်းဝယ်ရေးစျေးကွက်"၏ လက်တွေ့ကျသော Secondary Market ငွေရှင်းရန် VAT အထူးပြေစာကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။

တရုတ်နိုင်ငံမှ နယ်စပ်ပြည်သူတစ်ဦးသည် နယ်စပ်ဒေသပြည်သူပြည်သားများ အပြန်အလှန် ရောင်းဝယ်ရေးစနစ်မှတစ်ဆင့် တရုတ်ယွမ်ငွေ ၅,၈၁၇ တန်ဖိုးရှိ ဖရဲသီးများကို တင်သွင်းခဲ့ပြီး “Bian Hutong(နယ်စပ်ကုန်သွယ်ရေး အပြန်အလှန်ချိတ်ဆက်)”အက်ပလီကေးရှင်းတွင် ရောင်းချရန် အွန်လိုင်းတင်ခဲ့ပါသည်။ ဝယ်ယူသည့်ကုမ္ပဏီသည် နယ်စပ်ကုန်သွယ်ရေးစင်တာ၏ Secondary Market (အခြေစိုက်အချောကိုင်ခြင်း) ရောင်းဝယ်မှု စနစ်တွင် အဆိုပါနယ်စပ်ပြည်သူက အွန်လိုင်းတင် ရောင်းချနေသည့် ဖရဲသီးများကို ဝယ်ယူကာ ငွေပေးချေမှုနှင့် ဘဏ်ငွေစာရင်းရှင်းတမ်းများ အပြီးသတ် ဆောင်ရွက်ပါသည်။ ဖရဲသီးများ ဝယ်ယူသည့် VAT အထူးပြေစာကိုလည်း အောင်မြင်စွာ ထုတ်ပေးနိုင်ခဲ့ပါသည်။

“နောက်တဆင့်မှာတော့ ကျွန်တော်တို့ ဝမ်တိန်နယ်စပ်ဂိတ်ဟာ နယ်စပ်ဒေသပြည်သူပြည်သားများ အပြန်အလှန် ရောင်းဝယ်ရေး Secondary Market (အခြေစိုက်အချောကိုင်ခြင်း)လုပ်ငန်းပုံစံကို ဘက်ပေါင်းစုံကနေ မြှင့်တင်ဆောင်ရွက်ပါမယ်။ ဝမ်တိန်နယ်စပ်ဂိတ် နယ်စပ်ဒေသပြည်သူပြည်သားများ အပြန်အလှန် ရောင်းဝယ်ရေး တင်သွင်းတဲ့ ကုန်စည်တွေ အခြေစိုက်အချောကိုင်ခြင်းကို ဆိုက်ဆိုက်မြိုက်မြိုက် အရှိန်မြှင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားပါသည်။ (ဆောင်းပါးအရင်းအမြစ် - ဝမ်တိန်နယ်စပ်ဂိတ်စီမံအုပ်ချုပ်မှုရုံး။ ဘာသာပြန် - Yunnan gateway)