ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ဒေသတွင်းဒေသခွဲ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဖိုရမ်ကို ကူမင်းမြို့တွင် ကျင်းပ

lmcchina.org, March 24, 2023
Size:

ဒုတိယအကြိမ်မြောက် "လန်ချန်း-မဲခေါင် ဒေသတွင်း ဒေသခွဲ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဖိုရမ်"ကို မတ်လ ၁၈ ရက်က ယူနန်ရဲကောလိပ်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။

ပညာရှင်များနှင့် လက်တွေ့နယ်ပယ်များမှ ဥပဒေပညာရှင်များ စုစည်းပြီး " လန်ချန်း-မဲခေါင်‌ ဒေသတွင်းဒေသခွဲ၏ ဘုံဖွံ့ဖြိုးတိုးတက်မှုအတွက် တရားဥပဒေစိုးမိုးရေး အာမခံချက်"ကို ခေါင်းစဉ် ထား၍ ပြည်တွင်းတရားဥပဒေစိုးမိုးမှုနှင့် ပြည်ပနိုင်ငံဆိုင်ရာ တရားဥပဒေစိုးမိုးမှု ညှိနှိုင်းဆောင်ရွက်ရေး၊ လန်ချန်း-မဲခေါင်‌ ဒေသတွင်း ဒေသခွဲ၏ ကုန်သွယ်စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၏ တရားဥပဒေစိုးမိုးမှု ပေါင်းစပ်ဆောင်ရွက်ရေး၊ နယ်စပ်ဖြတ်ကျော် လုံခြုံရေးစီမံအုပ်ချုပ်ရေး၏ တရားဥပဒေ စိုးမိုးရေး လိုအပ်ချက်၊ စီးပွားရေးပေါင်းစည်းမှု၏ ဥပဒေအခြေခံ၊ ဒစ်ဂျစ်တယ် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွား မျှဝေမှု၏ တရားဥပ‌ဒေစိုးမိုးရေးအာမခံချက်၊ တရုတ်-လာအို-ထိုင်းသုံးနိုင်ငံ စီးပွားရေးပေါင်းစည်းမှု၏ တရားဥပဒေစိုးမိုးရေးယုတ္တိ စသောအကြောင်းအရာများကို အဓိကထား နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြသည်။  ထိုသို့ဆွေးနွေးခြင်းအားဖြင့် သဘောတူညီချက်၊ ဉာဏ်ပညာနှင့် ခွန်အားကို စုဆောင်းပြီး လန်ချန်း-မဲခေါင် ဒေသတွင်းဒေသခွဲ၏ ဘုံဖွံ့ဖြိုးတိုးတက်မှု၏ တရားဥပဒေစိုးမိုးရေးအာမခံချက်မူဘောင် ဖွဲ့စည်းရန် တွန်းအားပေးကာ လန်ချန်း-မဲခေါင် ဒေသတွင်း ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု တရားဥပဒေစိုးမိုးရေး အသွင်ပြောင်း၍ လန်ချန်း-မဲခေါင်နိုင်ငံများအတွက် အေးအတူပူအမျှ အသိုက်အဝန်းကို တည်ဆောက်ရမည် ဖြစ်သည်။

ဆွေးနွေးပွဲဖိုရမ်ကို တရုတ်နိုင်ငံ ကျင့်ထုံးဥပဒေ ပညာရှင်များအသင်း၊ ယူနန်ပြည်နယ် ဥပဒေပညာရှင်များအသင်းနှင့် ယူနန်ရဲကောလိပ်တို့မှ ကြီးမှူးကျင်းပပြီး Lancang-Mekong Comprehensive Law Enforcement Security Cooperation Center မှ ပူးတွဲကျင်းပခြင်း ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲဖိုရမ်သို့ ပြည်တွင်း နာမည်ကြီး ပြည်သူ့လုံခြုံရေးကျောင်းများ၊ ကူမင်းမြို့ရှိ ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးနှင့် ပြည်နယ်အဆင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။