၂၀၂၃ ခုနှစ် တရုတ်-မြန်မာ ဖရဲ၊ သခွားမွှေး ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို ရွှေလီမြို့တွင် ကျင်းပခဲ့

Yunnan Gateway, March 23, 2023
Size:

၂၀၂၃ ခုနှစ် တရုတ်-မြန်မာ ဖရဲ၊ သခွားမွှေး ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့၌ မတ်လ ၂၁ ရက်နေ့တွင် ကျင်းပကြောင်း သိရပါသည်။

ယခုအကြိမ်အစည်းအဝေးသည် ယူနန်ပြည်နယ်နှင့် "the Belt and Road" တစ်လျှောက်ရှိအရှေ့တောင်အာရှနိုင်ငံများတွင် ဖရဲ၊ သခွားမွှေး စိုက်ပျိုးရေးလုပ်ငန်း၏ ရေရှည်တည်တံ့သော အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ပို၍ ကောင်းမွန်စွာ မြှင့်တင်ရန်လည်းကောင်း၊ တရုတ်-မြန်မာ ဖရဲ၊ သခွားမွှေး စိုက်ပျိုးရေးလုပ်ငန်းတွင် အထွက်နှုန်းတည်ငြိမ်စေရန်နှင့် အရည်အသွေး တိုးမြှင့်လာစေရန် အထောက်အကူပြုနိုင်ရန်လည်းကောင်း ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။ အဆိုပါအစည်းအဝေးတွင် ရွှေလီမြို့ ဝမ်တိန်ချန်းဟော်ကုန်သွယ်ရေးကုမ္ပဏီလီမိတက်သို့ တရုတ်နိုင်ငံအမျိုးသား ခေတ်မီစိုက်ပျိုးရေး (ဖရဲ၊ သခွားမွှေး) စိုက်ပျိုးရေးနည်းပညာစနစ် "the Belt and Road" အလုပ်ရုံဆိုင်းဘုတ်ကို ချီးမြှင့်ခဲ့ပါသည်။

"မြန်မာနဲ့ တရုတ်နှစ်နိုင်ငံတို့ရဲ့ ဖရဲ၊ သခွားမွှေး စိုက်ပျိုးရေးလုပ်ငန်း ကုန်သွယ်ရေးဟာ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပါတယ်။ နှစ်နိုင်ငံကြား ကုန်သွယ်မှု အားကောင်းလာတာနဲ့အတူ မြန်မာ့ ဖရဲ၊ သခွားမွှေး စိုက်ပျိုးရေး လုပ်ငန်းကလည်း တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်နေပါတယ်။ အရည်အသွေးလည်း ဆက်လက်မြင့်မားလာပါတယ်။ အထွက်နှုန်းလည်း ဆက်လက်ကောင်းမွန်လာပါတယ်"ဟု မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန် စိုက်ပျိုးထုတ်လုပ်ရောင်းချရေးလုပ်ငန်းအသင်း (MFVP) ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ပြောကြားပါသည်။ မြန်မာ-တရုတ် နှစ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု စဥ်ဆက်မပြတ် တိုးမြှင့်ရန်၊ ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန်နှင့် ဖရဲ၊ သခွားမွှေး စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် သူက မျှော်လင့်ထားပါသည်။(ဆောင်းပါးအရင်းအမြစ် - ရွှေလီမြို့မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)