၂၀၂၃ ခုနှစ် ဆင်ရဲနွမ်းပါးမှုလျော့ချရေး စီမံအုပ်ချုပ်ရေးနှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု(နုကျန်း) အပြည်ပြည်ဆိုင်ရာဖိုရမ်ကို ယူနန်ပြည်နယ်တွင် အောင်မြင်စွာ ကျင်းပခဲ့

Yunnan Gateway, March 22, 2023
Size:

မတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၂၀၂၃ ခုနှစ် ဆင်ရဲနွမ်းပါးမှုလျှော့ချရေး စီမံအုပ်ချုပ်ရေးနှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု(နုကျန်း) အပြည်ပြည်ဆိုင်ရာဖိုရမ်ကို ယူနန်ပြည်နယ် နုကျန်း လီဆူးတိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲတွင် အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါဖိုရမ်သည် တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာနမှ ဦးစီးပြီး တရုတ်အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးအုပ်စုအဖွဲ့(CICG)သည် ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ တရုတ်ပြည်သူ့ဆက်ဆံရေးအသင်း(CPRA)နှင့် Renmin University of China တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပါသည်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ နိုင်ငံတကာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်၊ ဖွံ့ဖြိုးတိုးတက်မှု သဘောတူညီချက်များကို တည်ဆောက်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်မှု မြှင့်တင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်နှင့် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ထားပါသည်။

အဆိုပါဖိုရမ်တွင် "ကျေးလက်ဒေသ ပြန်လည်ရှင်သန်ရေး အစီအစဥ်သစ်များ အတူ ရေးဆွဲ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းသစ်များ အတူ မျှဝေ" ဟူသော အဓိကဆောင်ပုဒ်ဖြင့် ဖွင့်ပွဲအခမ်းအနား၊ ပင်မဖိုရမ်၊ အထူးခေါင်းစဥ် ဖိုရမ်များနှင့် သံတမန်များ စကားဝိုင်းစသည့် အပိုင်းလေးပိုင်း ခွဲထားပြီး သီးသန့်ကျင်းပခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံ ၂၀ နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၄ ခုတို့မှ တရုတ်နိုင်ငံအခြေစိုက် သံတမန်များ၊ အရာရှိများနှင့် ကျွမ်းကျင်ပညာရှင်များ ၁၉၀ ကျော်သည် ဖိုရမ်သို့ တက်ရောက်ခဲ့ကြသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အောင်မြင်မှုများကို ဆက်လက်ဖော်ဆောင်ရန် လူမှုတာဝန်ဝတ္တရား၊ သိပ္ပံနှင့်နည်းပညာဖြင့် ကျေးလက်ဒေသ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသပြန်လည်ရှင်သန်ရေးဆိုင်ရာ စိမ်းလန်းစိုပြည်ရေး ဖွံ့ဖြိုးတိုးတက်မှုလမ်းစဉ်စသည့် အကြောင်းအရာများအပေါ် ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။

ဖိုရမ်ကျင်းပသည့် ကာလအတွင်း ပြည်တွင်းပြည်ပမှ ဧည့်သည်များသည် ကျေးလက်ဒေသ ပြန်လည်ရှင်သန်ရေးစံပြနေရာများကို သွားရောက်လေ့လာခဲ့ကြသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)