တရုတ်သည် ဘက်အသီးသီးတို့နှင့်အတူ လူ့အခွင့်အရေးဆိုင်ရာများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ဆန္ဒရှိသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

Yunnan Gateway, March 22, 2023
Size:

မတ်လ ၂၀ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖြေကြားရာ၌ မကြာမီက ကျင်းပခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၂ ကြိမ်မြောက်အစည်းအဝေးတွင် နိုင်ငံ ၇၀ ကျော် ကိုယ်စား တရုတ်ကိုယ်စားလှယ်မှ မိန့်ခွန်းပြောကြားရာ၌ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ထုတ်ပြန်သည့် ၇၅ နှစ်အတွင်းမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ချမှတ်ထားသောစာတမ်းပါ မွန်မြတ်သော ရည်မှန်းချက်ပန်းတိုင်ကို အကောင်အထည်ဖော်ရန် အဆက်မပြတ်စူးစမ်းလေ့လာပြီး ရှေ့သို့ ချီတက်နေကြောင်း၊ အရေးကြီး သော အောင်မြင်မှုများ ရရှိခဲ့သော်လည်း ရှုပ်ထွေးကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရန် ကြီးမားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ နိုင်ငံ ၇၀ ကျော်ကိုယ်စား တရုတ်ကိုယ်စားလှယ်၏ မိန့်ခွန်းပြောကြားချက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းမှ လူ့အခွင့်အရေးကို ပိုမိုကောင်းမွန်စွာ မြှင့်တင်ပြီး ကာကွယ်ထိန်းသိမ်းရန်၊ တစ်ကမ္ဘာလုံး လူ့အခွင့် အရေးစီမံခန့်ခွဲမှုကို မြှင့်တင်ပြီး ကောင်းမွန်တိုးတက်ရန်အတွက် တက်ကြွသော အဓိပ္ပါယ် ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဆန္ဒကို ထင်ဟပ်စေနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးတို့နှင့်အတူ လူသားတစ်ရပ်လုံး၏ ဘုံတန်ဖိုးကို ကိုင်စွဲထားပြီး တန်းတူညီမျှကာ တစ်ဦးနဲ့ တစ်ဦး လေးစားခြင်းပေါ် အခြေခံပြီး လူ့အခွင့်အရေးဆိုင်ရာ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြုလုပ်ရန်၊ တစ်ကမ္ဘာလုံးလူ့အခွင့်အရေးစီမံခန့်ခွဲမှုတွင် တက်ကြွစွာ ပါဝင်ပြီး လူ့အခွင့်အရေးဆိုင်ရာများ ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ လူသားကံကြမ္မာအသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါသည်။