တရုတ်နိုင်ငံက နိုင်ငံတကာအသိုက်အဝန်းနှင့် လက်တွဲပြီး မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သော အကူအညီများပေးလိုပါကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

CRI, March 20, 2023
Size:

မတ်လ ၁၇ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ မြန်မာပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းများက မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ရပ်တန့်စေရန် တရုတ်နိုင်ငံအား ကူညီပေးဖို့ ပန်ကြားကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံက မည်သို့တုံ့ပြန်သနည်း၊ မြန်မာ့အရေးကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံက ဘယ်လို တုံ့ပြန်မည်နည်း စသဖြင့် ဒီလိုမေးခွန်းတွေကို နိုင်ငံခြား သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။


ယင်းနှင့်ပတ်သက်၍ ဝမ်ဝင်ပင်က မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံ တစ်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အခြေအနေကို  အမြဲ အာရုံစိုက် နေ ကြောင်း၊  မြန်မာနိုင်ငံ၏ ပါတီအသီးသီး၊ဂိုဏ်းအသီးသီးတို့အား နိုင်ငံတော်နှင့် အမျိုးသား ရေရှည် အကျိုးစီးပွားကို မျက်နှာမူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်များတွင် ဆွေးနွေး ညှိနှိုင်းမှုများဖြင့် သင့်လျော်သောဖြေရှင်းရေးနည်းလမ်းကို  ရှာဖွေ၍  နိုင်ငံတော်ကို အမြန်ဆုံးပြန်လည် တည်ငြိမ်စေပြီး နိုင်ငံရေးအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်ရန် မျှော်လင့် ကြောင်း၊ ဤလုပ်ငန်းစဉ် ဆောင်ရွက်စဉ်အတွင်း တရုတ်နိုင်ငံအနေနှင့် နိုင်ငံတကာအသိုက်အဝန်းနှင့် လက်တွဲပြီး မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်သော အကူအညီများပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။