တရုတ်-မြန်မာ နယ်စပ်ရှိ ကိန့်မခရိုင်သည် ကြံများ စက်ယန္တရားဖြင့် စိုက်ပျိုးရိတ်သိမ်းခြင်းကို မြှင့်တင်လျက်ရှိ

Yunnan Gateway, March 20, 2023
Size:

တရုတ်-မြန်မာ နယ်စပ်ရှိ ကိန့်မ တိုင်၊ ဝ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် နုံ့ပါကျေးရွာ၌ ကြံများ စက်ယန္တရားဖြင့် စိုက်ပျိုးရိတ်သိမ်းခြင်းကို အလုံးစုံ ဖြစ်မြောက်နေပြီဖြစ်သည်။ လူကိုယ်တိုင် စိုက်ပျိုးခြင်းနှင့် နှိုင်းယှဉ်ပါက ထိရောက်မှုမှာ အလွန်တိုးတက်ခဲ့ပါသည်။

“အခု ကျွန်ုပ်တို့ စက်တွေသုံးပြီး ကြံစိုက်ကြပါတယ်။ တစ်နေ့ကို ၈ နာရီအတွင်းမှာ ၁၀၀ ဧကမှ ၁၀၆.၆၇ ဧက လောက် စိုက်နိုင်တယ်”ဟု ကြံစိုက်တောင်သူ လီကွေ့ချန်းက ပြောပါသည်။ လူကိုယ်တိုင် စိုက်ပျိုးလျှင် တစ်နေ့လျှင် ၁၃.၃၃ ဧကကို မစိုက်နိုင်ပေ။ စက်ယန္တရားဖြင့် စိုက်ပျိုးလျှင် စိုက်ပျိုးစက်တစ်လုံးဖြင့် လူ ၄ ဦးတို့ တစ်နေ့လျှင် ၆၆.၆၇ - ၁၀၆.၆၇ ဧကကို စိုက်ပျိုးနိုင်ပြီး ထိရောက်မှုမှာ လူကိုယ်တိုင် စိုက်ပျိုးခြင်းနှင့် နှိုင်းယှဉ်ပါက နှစ်ဆပိုများသည်။

ကိန့်မခရိုင်သည် ယူနန်ပြည်နယ်၏ ကြံစိုက်ပျိုးရေး အဓိကခရိုင်တစ်ခုဖြစ်ပြီး လက်ရှိကြံစိုက်ပျိုးရေးဧရိယာမှာ ၂.၆၆၇ သန်း ဧက ရှိပါသည်။ “ယခုနှစ်ပိုင်းမှာ ကျွန်ုပ်တို့ခရိုင်က စက်မှုလယ်ယာဖြင့် ကြံစိုက်ပျိုးရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိနေပါတယ်။ လုပ်ငန်းစွမ်းဆောင်ရည်ကို စဉ်ဆက်မပြတ် တိုးတက်စေတဲ့အပြင် ထုတ်လုပ်မှုကုန်ကျစရိတ်များ လျှော့ချပေးပါတယ်။ အလုပ်သမားများ မလုံလောက်တဲ့ ပြဿနာများကိုလည်း ဖြေရှင်းပေးခဲ့ပါတယ်။ ကြံစိုက်တောင်သူတွေရဲ့ ဝင်ငွေ တိုးစေဖို့ ထိရောက်စွာ မြှင့်တင်ဆောင်ရွက်ပေးခဲ့ပါတယ်”ဟု ကိန့်မခရိုင် ဒေသတွင်း ထုတ်လုပ်မှုလုပ်ငန်းဝန်ဆောင်မှုစင်တာမှ သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားပါသည်။ (ဆောင်းပါးအရင်းအမြစ် - လင်ချန်းမြို့မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)