ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တရုတ် အမျိုးသား စီးပွားရေး တည်ငြိမ်လာပြီး ပြန်လည်တိုးတက်လာသည်ဟု အမျိုးသား စာရင်းအင်းဌာနဆို

Yunnan Gateway, March 20, 2023
Size:

တရုတ် အမျိုးသား စာရင်းအင်းဌာနမှ ယခုလ ၁၅ ရက်နေ့က ထုတ်ပြန်သော စာရင်းများအရ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် တရုတ် ဒေသအသီးသီးနှင့် လုပ်ငန်းဌာနအသီးသီးတို့သည် ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်း ၂ ရပ်ကို ပိုမိုကောင်းမွန်စွာ ထည့်သွင်းစဉ်းစားပြီး အရည်သွေး မြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကာ ဖွံ့ဖြိုးတိုးတက်မှုကို အာမခံပေးရေး၊ အလုပ်အကိုင် နေရာချထားမှုကို အာမခံပေးရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်စေရေး လုပ်ငန်းများကို အဓိကထား ကောင်းမွန်စွာ ဆောင်ရွက်ခဲ့ကြောင်း၊ စီးပွားရေးသည် တည်ငြိမ်လာပြီး ပြန်လည် တိုးတက်လာကြောင်း သိရပါသည်။