လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ ပြည်သူချင်း သိရှိနားလည်မှုနှင့် ခင်မင်ရင်းနှီးမှုကို မြှင့်တင်ရန် Pasong Lielong Zhuangmeng အကြံပြု

lmcchina.org, March 17, 2023
Size:

ယခု ကျင်းပခဲ့ပြီးသည့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာကော်မတီ၏ ပထမအကြိမ်အစည်းအဝေးတွင် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၏ အမျိုးသားကော်မတီအဖွဲ့ဝင်၊ တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်း ဒုတိယဥက္ကဋ္ဌ Pasong Lielong Zhuangmeng က အဆိုပြုချက် တင်သွင်းခဲ့ကြောင်း သိရပါသည်။ ယင်းအဆိုပြုချက်တွင် တရုတ်ပါဠိအဆင့်မြင့် ဗုဒ္ဓဘာသာကောလိပ်တွင် လန်ချန်း-မဲခေါင် ဖလှယ်ရေးအဖွဲ့ တည်ထောင်ရန်၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုဖလှယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှ အသိုက်အဝန်းအပေါ် နိုင်ငံအသီးသီး၏ပြည်သူများ တူညီသောခံစားချက်ကို မြှင့်တင်ရန် အကြံပြုခဲ့သည်။

တရုတ်နိုင်ငံ၏ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းသည် လန်ချန်း-မဲခေါင်နိုင်ငံများနှင့် နှစ်ပေါင်းများစွာ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ လန်ချန်း-မဲခေါင် ဗုဒ္ဓဘာသာဖလှယ်ပွဲ ဗီဒီယိုကွန်ဖရင့်၊ ၅ ကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ်၏ “လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဗုဒ္ဓဘာသာဖိုရမ်ခွဲ”၊ ပထမအကြိမ် ထေရဝါဒဗုဒ္ဓဘာသာ ထိပ်သီးဖိုရမ်နှင့် သံဃာတော်ကိုယ်စားလှယ်အဖွဲ့များ အပြန်အလှန် စေလွှတ်ခြင်း စသည့် လှုပ်ရှားမှုများ ရှိခဲ့ရာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံမှုနှင့် အပြန်အလှန် သင်ယူလေ့လာဖလှယ်ရေးကို အားဖြည့်ပေးခဲ့ကြောင်း Pasong Lielong Zhuangmeng က အဆိုပြုချက်တွင် ပြောကြားခဲ့သည်။ အနာဂတ်တွင် နိုင်ငံအသီးသီးရှိ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းများအကြား ပူးပေါင်းဖလှယ်မှုများကို အားဖြည့်၍ လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ ပြည်သူများအကြား အပြန်အလှန် နားလည်မှု၊ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်သွားလိုကြောင်းနှင့် လန်ချန်း-မဲခေါင်မြစ်ဝှမ်းတွင် အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး တွန်းအားဆောင်ရွက်သွားလိုကြောင်း Pasong Lielong Zhuangmeng က ပြောကြားခဲ့သည်။

တိကျသောဆောင်ရွက်မှုများနှင့်ပတ်သက်၍ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏားပြည်နယ်ခွဲတွင် ဆောက်လုပ်ဆဲ ဖြစ်သော တရုတ်ပါဠိအဆင့်မြင့် ဗုဒ္ဓဘာသာကောလိပ်ကို ထေရဝါဒဗုဒ္ဓဘာသာ သံဃာတော်များအား ပျိုးထောင်ရန် နေရာအဖြစ် ထားရှိရန် Pasong Lielong Zhuangmeng က အဆိုပြုချက်တွင် ထည့်သွင်းတင်ပြခဲ့ပါသည်။ အဆိုပါကောလိပ်ကို တရုတ်ပြည်တွင်း ထေရဝါဒဗုဒ္ဓဘာသာ အဆင့်မြင့်ကျွမ်းကျင်သူများ ပျိုးထောင်ရာအဖြစ် တည်ဆောက်သွားရမည်သာမက လန်ချန်း-မဲခေါင်မြစ်ဝှမ်းရှိ နိုင်ငံအသီးသီးရှိ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းများမှ ကောင်းမွန်သောတရုတ်ရိုးရာယဉ်ကျေးမှုများကို လာရောက်လေ့လာကြရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ပါဠိအဆင့်မြင့် ဗုဒ္ဓဘာသာကောလိပ် တည်ဆောက်ပြီးစီးသည့်အခါတွင် လန်ချန်း-မဲခေါင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသုတေသနစင်တာကို ထားရှိ၍  သင်ယူရေး၊ သင်ကြားရေးနှင့် သုတေသနပြု တစ်ပေါင်းတစ်စည်းတည်း အပြည့်အဝဆောင်ရွက်ကာ နိုင်ငံရပ်ခြား ကူးလူးဖလှယ်ရေးနှင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းခိုင်မာအောင် ဆောင်ရွက်သွားရန်  Pasong Lielong Zhuangmeng က တင်ပြသည်။