“ဟန်ကျိုးအာရှအားစကားပြိုင်ပွဲကို ကြိုဆိုသောအပျော်ပြေးပွဲ” ကို ရန်ကုန်မြို့၌ ကျင်းပ

lmcchina.org, March 17, 2023
Size:

အာရှအိုလံပစ်အလုပ်အမှုဆောင်ကော်မတီ ကြီးမှူးပြီး မြန်မာအိုလံပစ်ကော်မတီ လက်ခံကျင်းပသည့် “ဟန်ကျိုးအာရှအားစကားပြိုင်ပွဲကို ကြိုဆိုသောအပျော်ပြေးပွဲ”၏ မြန်မာပြည်လှုပ်ရှားမှုသည် မတ်လ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ အားကစားနှင့် လူငယ်များရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ အတွင်းရေးမှူး ဦးမျိုးလှိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ယဉ်ကျေးမှုသံမှူး Mr. Pan Feng၊ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကော်မတီ ဝန်ဆောင်မှုဌာန ဌာနမှူး Mr. Ding Jiong၊ အာရှအိုလံပစ်အလုပ်အမှုဆောင်ကော်မတီမှ ကိုယ်စားလှယ် Mr. Zhou Jian တို့သည် ၎င်းပြေးပွဲသို့ ပါဝင်တက်ရောက်ကြသည်။

ဟန်ကျိုးတွင် ကျင်းပသော ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲသည် အာရှဒေသ၏ အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်ရန်၊ ပေါင်းစည်းညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးစိတ်ဓာတ်ကို ပိုမိုအားကောင်းလာစေရန်၊ အာရှနိုင်ငံများမှ ပြည်သူများ အချင်းချင်းနားလည်မှု ပိုရှိလာစေရန်နှင့် ပိုမိုခင်မင်ရင်းနှီးလာစေရန် တွန်းအားပေးနိုင်မည်ဟု ဒုတိယဝန်ကြီး ဦးမျိုးလှိုင် ပြောကြားသည်။ မြန်မာနိုင်ငံသည် ဟန်ကျိုး အာရှအားကစားပြိုင်ပွဲကို တက်တက်ကြွကြွထောက်ခံ၍ ဝူရှု၊ ခြင်းလုံး၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ပြေးခုန်ပစ်၊ သေနတ်ပစ်ခြင်း၊ ဘောလုံး စသော ပြိုင်ပွဲအမျိုးအစား ၁၀ မျိုးကျော်မှ အားကစားသမား ၉၀ ကျော်ကို စေလွှတ်ရန် စီစဉ်လျက်ရှိသည်။