“၂၀၂၃ ခုနှစ် နွေရာသီ ဝူရှူးသင်တန်း” ဖွင့်ပွဲအခမ်းအနား ကျင်းပ

Yunnan Gateway, March 17, 2023
Size:

၂၀၂၃ ခုနှစ် နွေရာသီ ဝူရှူးသင်တန်း ဖွင့်ပွဲအခမ်းအနား ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာနှင့် FSSL(Myanmar)Services Limited တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည်။

တရုတ်ရိုးရာဝူရှူးပညာရပ်ယဉ်ကျေးမှုကို မိတ်ဆက်ဖြန့်ဝေရန်နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုဖလှယ်ဆက်ဆံရေးကို တိုးမြှင့်စေရန်၊ နွေရာသီအားလပ်ရက်အတွင်း မြန်မာကျောင်းသားများယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး ယခုသင်တန်းကို တရုတ်ယဉ်ကျေးမှုစင်တာမှ စတင်ဖွင့်လှစ်ချိန်မှစ၍ ပထမဆုံးအနေနဲ့ တရုတ်ဝူရှူး (ထောက်လု)နှင့် ထိုက်ကျီသိုင်းပညာသင်တန်းဆိုပြီး နှစ်မျိုးခွဲခြားသင်ကြားပေးသွားမှာ ဖြစ်ကြောင်းသိရသည်။

တရုတ်ရိုးရာ ဝူရှူးသိုင်းပညာဟာ သမိုင်းကြောင်းရှည်ကြာပြီး လူအများရဲ့ ထောက်ခံအားပေးမှုကို ကျယ်ပြန့်စွာ ရရှိထားတာဖြစ်ကာ တရုတ်လူမျိုးတို့ရဲ့ အဖိုးတန်ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည်။ ထိုက်ကျီသိုင်းပညာဟာဆိုရင် ယင်ယန်သဘောတရားရဲ့ ဓာတ်ကြီးငါးပါးအကြား ပြောင်းလဲခြင်းကို လေ့လာမှုပညာရပ်အစကနေ ဖြစ်တည်ပေါ်ပေါက်လာတဲ့ စိတ်ဓာတ် အပြုအမူ၊ ကျင့်ကြံအားထုတ်မှု၊ သန်မာမှုနှင့် နူးညံ့ပျော့ပျောင်းမှုများပါရှိတဲ့ တရုတ်ရိုးရာသိုင်းပညာရပ်တစ်မျိုးဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် ထိုက်ကျီသိုင်းပညာရပ်ကို ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO)ရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် မှတ်တမ်းတင်ခဲ့သည်။

၂၀၂၃ ခုနှစ် နွေရာသီဝူရှူးသင်တန်း ဖွင့်လှစ်သင်ကြားမှုကို ရန်ကုန်တရုတ်ယဉ်ကျေးမှုစင်တာတွင် မတ်လ ၇ ရက်နေ့တွင် စတင်ကာသင်ကြားပေးသွားဖြစ်ကြောင်းသိရသည်။

"မင်္ဂလာ"မဂ္ဂဇင်း ရန်ကုန်ရုံးခွဲသတင်းထောက် ဇော်ရဲအောင်