တတိယအကြိမ် တရုတ်နိုင်ငံ သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခံရပြီးနောက် ရှီကျင့်ဖိန် မိန့်ခွန်းပြောကြား

Yunnan Gateway, March 16, 2023
Size:

မတ်လ ၁၃ ရက်နေ့တွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီးတွင် ကျင်းပပြီးစီးခဲ့ပါသည်။ တတိယအကြိမ် တရုတ်နိုင်ငံသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ရှီကျင့်ဖိန်သည် ပိတ်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က ပြည်သူများကို အမြင့်ဆုံးနေရာ၌ ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ကျေးရွာပါတီအတွင်းရေးမှူး၊ ခရိုင်ပါတီအတွင်းရေးမှူး၊ မြို့ပါတီအတွင်းရေးမှူး၊ ပြည်နယ်ပါတီအတွင်းရေးမှူး အပါအဝင် အဆင့်ဆင့်သော အစိုးရရာထူးများကို ထမ်းဆောင်ခဲ့ဖူးပါသည်။ ယင်းရာထူး နေရာ အဆင့်ဆင့်ကနေ သမ္မတ ဖြစ်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ရှီကျင့်ဖိန်သည် “ပြည်သူများမှလာ၊ ပြည်သူများအတွက်၊ ပြည်သူများကို အားကိုး” ဟူသော နိုင်ငံရေး စီမံခန့်ခွဲမှု အတွေးအခေါ်ကို အစဉ်တစိုက် စွဲကိုင်ထားပါသည်။

ရှီကျင့်ဖိန်က အမျိုးသားရှင်သန်ရေးလုပ်ငန်းကို လက်ဆင့်ကမ်းပြီးတော့ ကောင်းမွန်စွာ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်က ခရီးစဉ်သစ်တွင် ခေတ်ပေးတာဝန်၊ သမိုင်းပေးတာဝန်၊ ပြည်သူပေးတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်မည် ဖြစ်ပြီး အင်အားတောင့်တင်းသောနိုင်ငံတော် တည်ဆောက်ရေးနှင့် အမျိုးသားရှင်သန်ရေးအတွက် လုပ်သင့်လုပ်ထိုက်သော အကျိုးစွမ်းဆောင်မှုများကို ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ရှီကျင့်ဖိန်က လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေး ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။ ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာကြီးအတွက် အကျိုးဆောင်ကြဉ်းပေးမည် ဖြစ်သလို တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုတက်မှုသည် ကမ္ဘာကြီးနှင့် ခွဲခွာလို့မရကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖေါ်ပြထားပါသည်။