“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ တရုတ်ပုံစံခေတ်မီရေးသည် ကမ္ဘာ့အကျိုးကို ဆောင်ကျဉ်းပေးနိုင်ရန် မျှော်လင့်သည်ဟု တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံများစွာမှသံအမတ်ကြီးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ ဆို

Yunnan Gateway, March 16, 2023
Size:

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်းအဝေးကို မတ်လ ၁၃ ရက်နေ့က ကျင်းပပြီးစီးခဲ့ပါသည်။ တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံများစွာမှ သံအမတ်ကြီးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များက တရုတ်ပုံစံခေတ်မီရေးသည် တရုတ်ပြည်သူများကို အကျိုးဆောင်ကျဉ်းပေးနိုင်သကဲ့သို့ ကမ္ဘာ့အား အကျိုးကိုလည်း ဆောင်ကျဉ်းပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြပါသည်။

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နိုင်ငံတကာမျက်နှာစာတွင်သာမက နှစ်ဖက်အကြားတွင်ပါ နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒုတိယအတွင်းရေးမှူးချုပ် Sohail Khan က နောက်ထပ်တစ်ကြိမ်တရုတ်ခေါင်းဆောင်များ၏ ဦးဆောင်မှုကြောင့် တရုတ်ပြည်သူများ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်သည့် အပြင် ပိုမိုများပြားသော အိမ်နီးချင်းနိုင်ငံများလည်း အကျိုးခံစားစေမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။