“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ တရုတ်ဝန်ကြီးချုပ် လီချန်က တရုတ်စီးပွားရေး အလားအလာမှာ “လှိုင်းလုံးကိုခွင်း လေဟုန်ကိုစီး၍ ချီတက်”သလို ဖွံ့ဖြိုးတိုးတက်မည့် အလားအလာကောင်းကို မျှော်မှန်းနိုင်သည်ဟု ပြောကြား

Yunnan Gateway, March 15, 2023
Size:

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေးကို မတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြီးစီးခဲ့ပြီးနောက် တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းပြည်ပသတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပါသည်။

တရုတ်စီးပွားရေး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်ပြီး လီချန်က “လှိုင်းလုံးကိုခွင်း လေဟုန်ကိုစီး၍ ချီတက်” သလို ဖွံ့ဖြိုးတိုးတက်မည့် အလားအလာကောင်းကို မျှော်မှန်းနိုင်သည်ဟု စကားပုံများ အသုံးပြုကာ စုပေါင်း ဖော်ပြပြီး တရုတ်ပြည် စီးပွားရေး အလားအလာအပေါ် ယုံကြည်စိတ်အပြည့်ရှိကြောင်း ပြောကြားခဲ့ပါသည်။

လီချန်က ယခုနှစ် တရုတ်ပြည် စီးပွားရေး၏ တိုးတက်မှုရည်မှန်းချက်သည် ၅ ရာခိုင်နှုန်း ဝန်းကျင် ဖြစ်ပြီး ယင်းရည်မှန်းချက်ကို လွယ်လွယ်လေး ဖော်ဆောင်နိုင်မည် မဟုတ်ဘဲ ပိုမိုအားထုတ်ကြိုးပမ်းရန် လိုအပ်ပါကြောင်း၊ ယင်းရည်မှန်းချက်ကို အကောင်အထည် ဖော်ဆောင် လိုလျှင် မက္ကရိုမူဝါဒ၊ ပြည်တွင်းဝယ်လိုအား တိုးချဲ့ခြင်း၊ ပြုပြင်ပြောင်းလဲရေးနှင့် ဆန်းသစ်တီထွင်ရေး၊ အန္တရာယ်များ ကြိုတင်ကာကွယ်ရေးနှင့် ဖြေရှင်းရေး အပါအဝင် လုပ်ငန်းနယ်ပယ်လေးခုကို တစ်ပြိုင်တည်း ကောင်းမွန်စွာ ဆောင်ရွက်ပြီး လက်တွေ့ကျ သည့် အခြေအနေအရ ပိုမို ပြည့်စုံ ကောင်းမွန်လာအောင်လည်း အဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။