“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ တရုတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ တစ်ကမ္ဘာလုံးအတွက် အကျိုးပြုစွမ်းဆောင်မည် ဖြစ်သည်ဟု နိုင်ငံတကာပုဂ္ဂိုလ်များ ယူဆ

Yunnan Gateway, March 14, 2023
Size:

နိုင်ငံတကာအသိုင်းအဝိုင်းသည် တရုတ်နိုင်ငံတွင် ကျင်းပနေသည့် NPC နှင့် CPPCC အစည်းအဝေးနှစ်ရပ်ကို စိတ်ဝင်စားမှုရှိပါသည်။ နိုင်ငံတကာပုဂ္ဂိုလ်များက တရုတ်နိုင်ငံ၏ စီးပွားရေးကို စိတ်ဝင်တစားအာရုံစိုက်ပြီး တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှာ ဒေသတွင်းစည်ပင်သာယာရန်နှင့် တစ်ကမ္ဘာလုံးစီးပွားရေး နာလန်ပြန်ထူရန် အကျိုးပြုစွမ်းဆောင်မည် ဖြစ်ကြောင်း ယူဆကြပါသည်။

တောင်အာဖရိကအမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Hon. Lechesa Tsenoli က တရုတ်နိုင်ငံအနေဖြင့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပေမယ့် အလွန်အမင်းဆင်းရဲနွမ်းပါးမှု(Absolute Poverty) ကို အောင်မြင်စွာ ပပျောက်စေကြောင်း၊ ၎င်းမှာ နိုင်ငံတော် စီမံခန့်ခွဲရေးဆိုင်ရာ စံနမူနာတစ်ခု ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ရရှိခဲ့သော အောင်မြင်မှုများ သာမက ပိုမိုအရေးကြီးသည်မှာ တရုတ်နိုင်ငံမှ ၎င်းကို မည်ကဲသို့ အကောင်အထည်ဖော်သနည်းဆိုတာ အခြားနိုင်ငံများမှ ပါတီများနှင့်အစိုးရများ လေ့လာအတုယူဖွယ်ရာရှိကြောင်း ပြောကြားခဲ့ပါသည်။

အာရပ်-တရုတ်ချစ်ကြည်ရေးအသင်း အတွင်းရေးမှူးချုပ် Ali Yusuf က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရှုထောင့်မှ ကြည့်လျှင် သမ္မတ ရှီကျင့်ဖိန် ၏ ကြီးမားသော အောင်မြင်မှုတစ်ရပ်မှာ ရိုးသားပြီး လက်တွေ့ကျသော အပြန်အလှန်အကျိုးရရှိစေ သည့် Belt and Road အဆိုပြုချက်ကို တင်ပြခြင်း ဖြစ်ကြောင်း၊ မိမိတို့သည် ၎င်းအဆိုပြုချက်ကို တန်ဖိုးထားချီးကျူးကြကြောင်း၊ Belt and Road အဆိုပြုချက် သည် ဒေသတွင်းနိုင်ငံများ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရာတွင် ရင်ဆိုင်နေရသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပြီး ၎င်းနိုင်ငံများမှ ပြည်သူများ၏ အကျိုးစီးပွားနှင့် သက်ဆိုင်ကြောင်း ပြောကြားခဲ့ပါသည်။

ဂျပန် Tsukuba တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ Shindo Eiichi က Belt and Road အဆိုပြုချက်သည် ဥရောပဈေးကွက်နှင့် တရုတ်ဈေးကွက်အကြား ဆက်ဆံမှု ပိုမိုရင်းနှီးလာစေပြီး ပြည်သူများ၏ နှလုံးသားတွင် ပိုမိုနက်ရှိုင်းစွာ အမြစ်တွယ်စေကြောင်း၊ ထို့အပြင် အရှေ့အလယ်ပိုင်းဒေသသည် ဥရောပအာရှ ကုန်းမကို ချိတ်ဆက်သော ပေါင်းကူးတံတားအဖြစ် တရုတ်နိုင်ငံနှင့် စီးပွား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လည်း အဆက်မပြတ်နက်ရှိုင်းလာနေကြောင်း ပြောကြားခဲ့ပါသည်။