ရှီကျင့်ဖိန်သည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးတွင် မိန့်ခွန်း ပြောကြား

Yunnan Gateway, March 13, 2023
Size:

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၈ ရက်နေ့ ညနေပိုင်းက ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ရဲတပ်ဖွဲ့ ကိုယ်စားလှယ်အဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တစ်သားတည်းဖြစ်သည့် နိုင်ငံတော် စစ်နည်းဗျူဟာစည်းစနစ်နှင့် စွမ်းရည် ကို ခိုင်ခံ့ တိုးမြင့်စေရေးသည် ပါတီဗဟိုကော်မတီက နိုင်ငံတော် အင်အား တောင့်တင်း လာအောင်၊ တပ်မတော် အင်အား တောင့်တင်းလာအောင် ဖော်ဆောင်ရာတွင် ရင်ဆိုင် နေရသော အခြေအနေသစ်၊ လုပ်ငန်းတာဝန်သစ်နှင့် လိုအပ်ချက်သစ်အရ၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုံခြုံရေးကို ပိုမို ကောင်းမွန်စွာ တစ်ပြေးညီ ဆောင်ရွက်ရေး၊ စီးပွားရေး တည်ဆောက်မှုနှင့် နိုင်ငံတော် ကာကွယ်ရေး တည်ဆောက်မှုကို ပိုမို ကောင်းမွန်စွာ တစ်ပြေးညီ ဆောင်ရွက်ရေးအတွက် ပြုလုပ်သော မဟာဗျူဟာ စီမံချက် ဖြစ်ကြောင်း၊ ယင်း စီမံချက်ကို ကောင်းမွန်စွာ ဖော်ဆောင်ခြင်းသည် ခေတ်မီ ဆိုရှယ်လစ်နိုင်ငံ ဘက်စုံ တည်ဆောက်ရေး၊ တရုတ်အမျိုးသား မွန်မြတ်စွာ ပြန်လည် ရှင်သန် နိုးထရေးကို ဘက်စုံ တွန်းအားပေးရေး၊ တပ်မတော် တည်ဆောက်ရေးဆိုင်ရာ “နှစ် ၁၀၀” ကြိုးပမ်း ဆောင်ရွက်ရေး ရည်မှန်းချက်ကို ဖော်ဆောင်ရေး၊ တပ်မတော်ကို ကမ္ဘာ့ ရှေ့ပြေး တပ်မတော်အဖြစ် ပိုမို လျင်မြန်စွာ တည်ဆောက်ရေးတို့အတွက် လွန်စွာ အရေးကြီးသည့် အဓိပ္ပါယ် ရှိပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။