“အစည်းအဝေးကြီး နှစ်ရပ်” ။ ။ တရုတ်-မြန်မာ နယ်စပ်ရှိ ချန်းယွမ်ခရိုင်မှ တောင်သူလယ်သမားများ၏ မင်္ဂလာသတင်းကောင်းများ

Yunnan Gateway, March 10, 2023
Size:

ယခုရက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်ရှိ လင်ချန်းမြို့ ချန်းယွမ် ဝ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ကတော်ရွာတွင် ဖရုံသခွားသီးများ ရိတ်သိမ်းချိန် ရောက်ရှိနေပါသည်။ လယ်ကွင်းများတွင် ရွာသူရွာသားများသည် ဆွတ်ခူးခြင်း၊ ထုပ်ပိုးခြင်း၊ ရွေးချယ်ခွဲခြားခြင်းနှင့် ထရပ်ကားပေါ်တင်ဆောင်ခြင်း လုပ်ဆောင်ရန် အလုပ်များလျက်ရှိပါသည်။ လတ်လတ်ဆတ်ဆတ် ဆွတ်ခူးထားသော ဖရုံသခွားသီးများကို ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်တုံနှင့် အခြားသော နေရာများသို့ ပို့ဆောင်ရန် ပြင်ဆင်နေကြသည်။

"ကျွန်တော်တို့ မိသားစုက ဒီနှစ်မှာ ဖရုံသခွားသီး ၆၆၆.၆၇ စတုရန်းမီတာကို စမ်းသပ်စိုက်ပျိုးခဲ့ပါတယ်။ လက်ရှိ အထွက်နှုန်းအရ ကုန်ကျစရိတ်ကို နုတ်ပြီးရင် ကျွန်တော်တို့ ဝင်ငွေအများကြီး ရနိုင်ပါသေးတယ်"ဟု စိုက်ပျိုးသူ ရှောက်အိုက်ခိုက်က ပြုံးရွှင်စွာ ပြောပါသည်။

ပန်းသီးများနှင့် စပျစ်သီးများမှည့်လာပြီး သစ်သီးဝလံများကို ပေကျင်း၊ ရှန်ဟိုင်းနှင့် ကွမ်ကျိုးစသည့်ဒေသများသို့ ရောင်းချနေပါသည်။ ဒုတိယကလေးမွေးပြီး အိမ်သစ်ကိုလည်း တည်ဆောက်ထားသည်။ အာမခံဖြင့် ဆေးကုသမှုအတွက် ပြန်အမ်းငွေရရန် ပိုမိုလွယ်ကူစေလာပါသည်။ လေ့ကျင့်ရေးများ ပို၍ ပံ့ပိုးပေးပြီး အခွင့်အလမ်းများ ပို၍ ဖန်တီးပေးပါသည်။ အလုပ်အကိုင်များ လိုက်လျောညီထွေစွာ ရရှိနိုင်ပါသည်။ တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ဤကဲ့သို့သော သတင်းကောင်းများ များစွာရှိနေပါသေးသည်။ မကြာသေးမီနှစ်များအတွင်း ယူနန်ပြည်နယ်သည် အလုပ်အကိုင်များ ရရှိရန် တည်ငြိမ်ခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် နောက်ဆက်တွဲ ပံ့ပိုးမှုလုပ်ငန်းများ စဥ်ဆက်မပြတ် ဖော်ဆောင်ခြင်းစသည့် ကဏ္ဍများဖြင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအောင်သီးအောင်နှံများ မြှင့်တင်ရရှိရန် တွန်းအားပေးလျက်ရှိနေပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)