လီခဲ့ချန် တင်ပြခဲ့သည့် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြထားသော ယခုနှစ် ဖွံ့ဖြိုးတိုးတက်ရေး အဓိကရည်မှန်းချက်များ

Yunnan Gateway, March 8, 2023
Size:

တရုတ်နိုင်ငံ၏ ယခုနှစ် ဖွံ့ဖြိုးတိုးတက်ရေး အဓိကရည်မှန်းချက်များကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန်က မတ် ၅ ရက် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ၎င်းတို့မှာ GDP တိုးတက်မှု ၅ ရာခိုင်နှုန်း၊ မြို့ပြအလုပ်အကိုင်ရရှိမှု ၁၂ သန်းခန့်၊ မြို့ပြစစ်တမ်း အလုပ်လက်မဲ့နှုန်း ၅.၅ ရာခိုင်နှုန်းခန့်၊ စားသုံးသူ ဈေးနှုန်းအညွှန်းကိန်း ၃ ရာခိုင်နှုန်း ရှိစေရန်၊ ပြည်သူများ၏ဝင်ငွေတိုးပွားမှုနှင့်စီးပွားရေးတိုးတက်မှုနှုန်းသည် တစ်ပြေးညီရှိစေရန်၊ သွင်းကုန်ထုတ်ကုန် အရည်သွေးမြင့် တည်ငြိမ်မှုရှိကာ နိုင်ငံတကာ ဝင်ငွေထွက်ငွေ အခြေခံအားဖြင့် မျှတစေရန်၊ စားနပ်ရိက္ခာထုတ်လုပ်မှုပမာဏကို ၁.၃ ထရီလီယံ ကျင်း(jin)နှင့် အထက်ရှိစေရန်၊ GDP တစ်ယူနစ် စွမ်းအင်သုံးစွဲမှုနှင့် ပတ်ဝန်းကျင်ညစ်ညမ်းစေသော ထုတ်လွှတ်မှုပမာဏများကို ဆက်လက်လျှော့ချသွားရန် ၊ ဇီဝရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို အဓိက ထိန်းချုပ်ရန် ၊ ဂေဟပတ်ဝန်းကျင် အရည်အသွေး တည်ငြိမ်စွာ ကောင်းမွန်လာစေရန် တို့ ဖြစ်ကြောင်း သိရသည်။

တည်ငြိမ်မှုကို အဓိကထား၍ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းရန်၊ ပစ်မှတ်ထိ၍အဆက်စပ်ရှိသော မူဝါဒများကို ဆက်လက်ထိန်းထားရန်၊ မူဝါဒအသီးသီး၏ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ကာ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းအင်အားအဖြစ် အတူမြှင့်တင် ဆောင်ရွက်ရန် ဖော်ပြထားသည်။ အပြုသဘောဆောင်သည့် ဘဏ္ဍာရေးမူဝါဒများကို ထိရောက်မှုမြှင့်တင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လိုငွေပြနှုန်းကို ၃ ရာခိုင်နှုန်းအဖြစ် လျာထားစီစဉ်ရမည်ဖြစ်ကြောင်း၊ အခွန်သက်သာခွင့်မူဝါဒများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ရာ လက်ရှိ ကျင့်သုံးနေသော အခွန့်လျှော့ချပေးခြင်း၊ အခွန်ပြန်အမ်းခြင်းနှင့်ဆိုင်းငံ့ပေးခြင်းစသည့် နည်းလမ်းများတွင် ဆက်လက်ဆောင်ရွက်သင့်သည်များကို ဆက်လက်ဆောင်ရွက်၍ ကောင်းမွန်အောင်ပြုပြင်သင့်သည်များကို ကောင်းမွန်အောင် ပြုပြင်ရမည် ဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင် အခြေခံအာမခံချက် ၃ ရပ်ကို ကောင်းမွန်စွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တည်ငြိမ်ကောင်းမွန်မှုရှိသော ငွေကြေးမူဝါဒကို တိကျမှန်ကန်အားကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ရာ ငွေကြေးပံ့ပိုးမှုပမာဏနှင့် လူမှုဘဏ္ဍာရေးပမာဏ တိုးတက်မှုသည် အမည်ခံစီးပွားရေးတိုးတက်မှု၏ တိုးတက်မှုနှုန်းနှင့် အခြေခံအားဖြင့် ကိုက်ညီမှုကို ထိန်းသိမ်း၍ လက်တွေ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် အားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ယွမ်ငွေလဲဈေးနှုန်းသည် သင့်လျော်မျှတမှုတွင် အခြေခံအားဖြင့် တည်ငြိမ်နေရမည် ဖြစ်ကြောင်း ၊ စက်မှုလုပ်ငန်းမူဝါဒများသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့်လုံခြုံဘေးကင်းရေးကို အတူဖော်ဆောင်နိုင်ရမည်ဖြစ်ကြောင်း ၊ သမားရိုးကျစက်မှုလုပ်ငန်းများ၏ ပြုပြင်ပြောင်းလဲအဆင့်မြှင့်တင်မှုကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်သလို မဟာဗျူဟာမြောက် ထွန်းသစ်စစက်မှုလုပ်ငန်းများ ပျိုးထောင်ခြင်းကိုလည်း အားကောင်းအောင် ဆောင်ရွက်ရမည် ဖြစ်ရာ စက်မှုလုပ်ငန်းကွင်းဆက်၏အားနည်းမှုများကို အားကောင်းလာအောင် အားထားဖြည့်တင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သိပ္ပံနည်းပညာမူဝါဒများက မိမိကိုယ်ကိုအားကောင်းလာအောင် ဆောင်ရွက်နိုင်မှုပေါ်တွင် အဓိက အားထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပုံစံအသစ်အသွင် တစ်ပြည်လုံးစနစ်ကို ကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ရာ အဓိကအချက်အချာကျနည်းပညာများ အောင်မြင်ရေးကို ကြိုးပမ်းရာ၌ အစိုးရအနေဖြင့် ကောင်းမွန်စွာ စုစည်း စီမံနိုင်သော အခန်းကဏ္ဍမှ ပါဝင်ရမည် ဖြစ်သလို ကုမ္ပဏီလုပ်ငန်းများ၏ သိပ္ပံနည်းပညာ ဆန်းသစ် ဖန်တီးမှုကို အဓိကနေရာတွင် ထားရှိပေးရမည် ဖြစ်ကြောင်း ၊ လူမှုရေးမူဝါဒများတွင် ပြည်သူ့စားဝတ်နေရေးကို အခြေပြု ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ အလုပ်အကိုင်နေရာချထားပေးနိုင်ရေး ဦးစားပေး မူဝါဒများကို အသေးစိတ် ဖော်ဆောင်ရမည် ဖြစ်ပြီး လူငယ်လူရွယ်များ အထူးသဖြင့် တက္ကသိုလ်ကျောင်းပြီးမြောက်သောကျောင်းသားများအတွက် အလုပ်အကိုင်နေရာချထားရေးကို အလေးထားဆောင်ရွက်ကာ ပြည်သူများ၏အခြေခံစားဝတ်နေရေး အာမခံချက်များကို လက်တွေ့ထိရောက်စွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံ၏ ကပ်ရောဂါကာကွယ်ရေးထိန်းချုပ်မှုအဆင့်သည် “B အဆင့်နှင့် B စီမံခန့်ခွဲမှု”ဖြစ်သော ပုံမှန်အနေအထားဖြင့် ရောဂါကာကွယ်ရေးထိန်းချုပ်မှုအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို သိပ္ပံနည်းကျ၊ တိကျမှု၊ ထိရောက်မှု ရှိစွာ ပိုမို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးကို ထိန်းသိမ်းရန်၊ ရောဂါပြင်းထန်မှုကို ကာကွယ်ရန် သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ရောဂါအခံရှိသော လူအုပ်စုများ၏ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ဆေးကုသရေးကို အဓိက ထားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကာကွယ်ဆေး အဆင့်မြှင့်တင်ခြင်းနှင့် ဆေးဝါးသစ် သုတေသနပြုမှုများကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ဆေးကုသမှုနှင့်ဆေးဝါးလိုအပ်ချက်များကို အာမခံထား ဖြည့်ဆည်းရမည်ဖြစ်ကြောင်း၊ ပြည်သူ၏အသက်အိုးအိမ်လုံခြုံရေးနှင့် ကျန်းမာရေးကို ကောင်းမွန်စွာ စောင့်ရှောက်ရမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ (Xinhua)