ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေး၏ ပထမဆုံးအကြိမ် “ဝန်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း” ပြုလုပ်

Yunnan Gateway, March 7, 2023
Size:

မတ်လ ၅ ရက်နေ့တွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေး၏ ပထမဆုံးအကြိမ် “ဝန်ကြီးများနှင့် တွေ့ဆုံမေးမြန်းခြင်း” ပြုလုပ် ခဲ့ရာ စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ကျင်ကျွမ့်လုံ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဝမ်ကြည့်ကမ်း၊ ဂေဟစနစ် ပတ်ဝန်းကျင် ဝန်ကြီးဌာနဝန်ကြီး ဟွမ်ရွင့်ချူတို့သည် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ကြကြောင်း China Media Group မှ သတင်းအရ သိရပါသည်။

စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ကျင်ကျွမ့်လုံက တရုတ်နိုင်ငံတွင် အတိုင်းအတာ အကြီးမားဆုံး၊ နည်းပညာ ခေတ်မီဆုံးသော 5G ကွန်ရက်ကို ပြီးမြောက်အောင် တည်ဆောက်ခဲ့ပြီ ဖြစ်ပြီး ဆက်လက်ပြီး 5G နည်းပညာ ဖွံ့ဖြိုး တိုးတက်မှု အရှိန်ကောင်းကို ထိန်းသိမ်းခြင်းနှင့် 6G နည်းပညာ လေ့လာ ဖေါ်ထုတ်ခြင်းကို အဓိကထား ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဝမ်ကြည့်ကမ်းက တရုတ်နိုင်ငံသည် AI နည်းပညာနယ်ပယ်တွင် ကောင်းမွန်သော စီမံခန့်ခွဲမှုများကို ပြုလုပ်ခဲ့ပြီ ဖြစ်ပြီး AI နည်းပညာဖြင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုရန် တွန်းအားပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ဂေဟစနစ်ပတ်ဝန်းကျင် ဝန်ကြီးဌာန ဝန်ကြီး ဟွမ်ရွင့်ချူက မျက်မှောက်အချိန်တွင် တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် လေထုအရည်အသွေး ပြန်လည် ကောင်းမွန်လာ အောင် ပြုပြင်ခြင်း အမြန်ဆုံးနိုင်ငံ၊ သန့်စင်စွမ်းအင် အသုံးပြုမှု အတိုင်းအတာ အကြီးမားဆုံး နဲ့ သစ်တော အရင်းအမြစ် တိုးလာမှု အများဆုံးသော နိုင်ငံ ဖြစ်ကြောင်း ပြောကြားပါသည်။