တရုတ်-မြန်မာနယ်စပ်ရှိ လုံချွမ်းခရိုင်၌ တရုတ်မူတစ်သောင်းကျော်ရှိ အာလူးများအား ရိတ်သိမ်းခဲ့

Yunnan Gateway, March 7, 2023
Size:

တရုတ်-မြန်မာနယ်စပ်ရှိ လုံချွမ်းခရိုင် ချန်းကျီမြို့နယ်တွင် တောင်သူများသည် ရာသီဥတုသာယာသောအချိန်၌ အာလူးများအား ရိတ်သိမ်းနေကြသည်။ တူးဖော်ခြင်း၊ ရွေးချယ်ခွဲခြားခြင်း၊ ထုပ်ပိုးခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းတို့ကို စနစ်တကျပြုလုပ်ထားပြီး လယ်ကွင်းများတွင် အလုပ်များသော မြင်ကွင်းကို တွေ့မြင်နိုင်ပါသည်။

"ကျွန်မတို့ အိမ်ထောင်စုက ဒီနှစ်မှာ အာလူးတွေ တရုတ်မူ ၂၀ ကျော် (တစ်တရုတ်မူသည် ၆၆၆.၆၇ စတုရန်းမီတာနှင့် ညီမျှသည်) စိုက်ပြီး တစ်တရုတ်မူကို ၂,၅၀၀ ကီလိုဂရမ်မှ ၃,၀၀၀ ကီလိုဂရမ်လောက်ထွက်တယ်။ ဒီနှစ်တော့ ရိတ်သိမ်းရတာ အရမ်းပျော်တယ်၊ ဝင်ငွေလည်း တိုးလာတယ်"ဟု စိုက်ပျိုးရေးတောင်သူ ကျန်းယူချွမ်က ပြောပါသည်။ နှစ်ပေါင်းများစွာ စိုက်ပျိုးသည့် အတွေ့အကြုံများ စုဆောင်းရရှိလာသည်နှင့်အတူ သူ့အိမ်ထောင်စုမှ စိုက်ပျိုးသည့် အာလူးများ၏ အထွက်နှုန်းနှင့် အရည်အသွေးသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်နေပါသည်။

စက်ယန္တရားများဖြင့် ရိတ်သိမ်းခြင်းသည် အာလူးများ၏ ရိတ်သိမ်းမှု စွမ်းဆောင်ရည်ကို များစွာ တိုးတက်စေသည်။ အာလူးများ စိုက်ပျိုးခြင်းလုပ်ငန်းစဉ်တွင် စက်ယန္တရားစနစ်ကို အောင်မြင်စွာ ဖြစ်မြောက်နေကြောင်း ကျန်းယူချွမ်က ပြောခဲ့ပါသည်။ ယခုအခါတွင် အာလူးများ စိုက်ပျိုးခြင်းသည် လက်ဖြင့်တူးရန်သာ မှီခိုနေရသည့် ခက်ခဲသောအလုပ် မဟုတ်တော့ပါ။ (ဆောင်းပါးအရင်းအမြစ် -လုံချွမ်းခရိုင် မီဒီယာစင်တာ ။ ဘာသာပြန် - Yunnan gateway)