တရုတ်နိုင်ငံ Canton ကုန်စည်ပြပွဲက ကမ္ဘာကြီးကို အခွင့်အလမ်းအသစ်များ မျှဝေလျက်ရှိ

Yunnan Gateway, March 6, 2023
Size:

သက်တမ်းကြာရှည်ပြီဖြစ်သော ၁၃၃ ကြိမ်မြောက် တရုတ်နိုင်ငံ သွင်းကုန်ပို့ကုန်ပြပွဲ ကို တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် မြို့တော်ကွမ်ကျိုးတွင် လာမည့် ဧပြီ ၁၅ ရက်၌ စတင် ကျင်းပမည်ဖြစ်သည်။ အဆိုပါပြပွဲကို အွန်လိုင်းရော အော့ဖ်လိုင်းပါ ပြုလုပ်သွားမည်ဖြစ်သည်။

Canton ကုန်စည်ပြပွဲဟုလည်း လူသိများသည့် အဆိုပါပြပွဲကို ၁၉၅၇ ခုနှစ်မှစတင်ကာ တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပလေ့ရှိသည်။ထိုပြပွဲတွင် ဂျာမနီ၊ စပိန်၊ အီတလီ၊ တူရကီ၊ ကိုရီးယား၊ အိန္ဒိယနှင့် မလေးရှား နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းများ ပါဝင်ပြသမည်ဟု မျှော်မှန်းထားသည်။

ပြပွဲ၌ နိုင်ငံတကာကုန်သွယ်ရေးဖိုရမ်များနှင့် ကုန်စည်အရောင်းမြှင့်တင်ခြင်းကဲ့သို့ အစီအစဉ်များလည်း ပိုမိုပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)