၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း တရုတ်-မြန်မာနယ်စပ် နုံ့တောင်လမ်းကြောင်း၏ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုပမာဏ ယွမ် သန်း ၁၅၀ ရှိ

Yunnan Gateway, March 6, 2023
Size:

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း တရုတ်-မြန်မာနယ်စပ် နုံ့တောင်လမ်းကြောင်း၏ ပို့ကုန်သွင်းကုန်ပမာဏ တန်ချိန် ၈၀၀၀၀ ရှိပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏ ယွမ် သန်း ၁၅၀ ရှိကြောင်း ရွှေလီမြို့ နယ်စပ်ဂိတ် လူဝင်မှုကြီးကြပ်ရေးစခန်း၏ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်သော သတင်းအရ သိရှိပါသည်။

နုံ့တောင်လမ်းကြောင်းသည် ယူနန်ပြည်နယ် ရွှေလီမြို့ နုံ့တောင်မြို့နယ်တွင် တည်ရှိပါသည်။ မြန်မာနိုင်ငံ နမ့်ခမ်းနှင့် မြစ်တစ်စင်း ခြား၍ တည်ရှိကာ တရုတ်- မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုအတွက် အရေးပါသော ကုန်းလမ်းကြောင်းဖြစ်သည်။ တရုတ်နိုင်ငံမှ ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာ "Category B disease" ဆိုင်ရာ အစီအမံများ တရားဝင် ဆောင်ရွက်လာသည်နှင့်အမျှ နုံ့တောင်လမ်းကြောင်းတွင် ယာဉ်များ တိုက်ရိုက်ဝင်ထွက်သွားလာသည့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးပုံစံ ကျင့်သုံးခဲ့ရာ နေ့စဉ် အဝင်အထွက် မော်တော်ယာဉ်အစီးရေ ၂၀၀ နှင့် ဂိတ်ဖြတ်သန်းသည့် ကုန်ပစ္စည်း တန်ချိန် ၂,၆၀၀ ကို စစ်ဆေးနိုင်ခဲ့ပါသည်။ ၎င်းအနက် တင်သွင်းသည့် ကုန်ပစ္စည်းများမှာ မီးသွေး၊ ဆီလီကာ၊ သဲ စသည်တို့ဖြစ်ပြီး တင်ပို့သည့် ကုန်ပစ္စည်းများမှာ နေ့စဥ်သုံးပစ္စည်းများနှင့် ဓာတ်မြေဩဇာများ ဖြစ်ကြသည်။

“အခုဆိုရင် ယာဉ်တစ်စီး အဝင်အထွက် အကောက်ခွန် ကြိုတင် ရှင်းလင်းပြီးရင် ပြည်ဝင်ပြည်ထွက် စစ်ဆေးရေး လုပ်ထုံးလုပ်နည်းတွေကို ၅ မိနစ်အတွင်း ပြီးအောင် ဆောင်ရွက်နိုင်မှာပါ။ အကောက်ခွန် ရှင်းလင်းရေးအရှိန်ကို အများကြီး မြှင့်တင်ပေးခဲ့ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားခင် နယ်စပ်ကုန်သွယ်မှုပမာဏဟာ အထွတ်အထိပ်ကာလသို့ မကြာမီကာလအတွင်း ရောက်ရှိလာမယ်လို့ ယုံကြည်ပါတယ်”ဟု နယ်စပ်ကုန်သွယ်ရေး နှစ်ပေါင်းများစွာ လုပ်ကိုင်သည့် မစ္စတာကျန်းက ပြောပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာအဖွဲ့။ ဘာသာပြန် - Yunnan gateway)