လန်ချန်း-မဲခေါင်မြစ်ဝှမ်း ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ ၂၀၂၂ ခုနှစ် ထိပ်တန်းသတင်း ၁၀ ခု ထုတ်ပြန်ပွဲကျင်းပ

Yunnan Gateway, March 3, 2023
Size:

လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ ၂၀၂၂ ခုနှစ် ထိပ်တန်းသတင်း ၁၀ ခု ထုတ်ပြန်ပွဲကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် လီကျန်းမြို့၌ မတ်လ ၁ ရက်နေ့တွင် ကျင်းပကြောင်း သိရပါသည်။

အဆိုပါလှုပ်ရှားမှုသည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တရုတ်အတွင်းရေးမှူးရုံးမှ ပံ့ပိုးညွှန်ကြားကာ တရုတ်အပြည်ပြည်ဆိုင်ရာဖလှယ်ရေးအဖွဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ပြန်ကြားရေးစင်တာ(CICG Asia-Pacific)၊ ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတာကာပြန်ကြားရေးစင်တာနှင့် လီကျန်းမြို့ပါတီကော်မတီပြန်ကြားရေးဌာနတို့ ဦးစီးကျင်းပခဲ့ပါသည်။

၎င်းလှုပ်ရှားမှုတွင် ရွေးချယ်ခဲ့သည့် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု၏ ၂၀၂၂ ခုနှစ် ထိပ်တန်း သတင်း ၁၀ ခုတို့မှာ နိုင်ငံတော်အကြီးအကဲများ၏ သံတမန်ရေးရာအစီအစဉ်များမှာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစိတ်အစီအစဉ်ကို ရေးဆွဲခြင်း၊ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင်း နိုင်ငံ ၆ နိုင်ငံများသည် အဆင့်မြင့် ဖလှယ်ဆက်ဆံမှုများ ချစ်ခင်ရင်းနှီးပြီး လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင်းပူးပေါင်းဆောင်ရွက်မှုသည် ထွန်းသစ်စ“ရွှေငါးနှစ်” ကို ဖွင့်လှစ်ခြင်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ တိုးမြှင့်ကာ ကျန်းမာရေးနှင့် သုခချမ်းသာကို ပူးတွဲကာကွယ်ခြင်း၊ အပြန်အလှန် ချိတ်ဆက်မှု တစိုက်မတ်မတ် မြှင့်တင်ဆောင်ရွက်ကာ တရုတ်-လာအို ရထားလမ်း၏ အကျိုးသက်ရောက်မှုများ တင်ရှားလာခြင်း၊ စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု အားကောင်းနေပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆင်ပြေချောမွေ့မှုအဆင့်သည် အရှိန်မြှင့်လျက်ရှိခြင်း၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု လက်တွေ့ကျကျ နက်ရှိုင်းစွာ ဖော်ဆောင်ကာ ဒေသတွင်း စီးပွားရေး သာယာဝပြောရေးကို အထောက်အကူဖြစ်စေခြင်း၊ အစိမ်းရောင် လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသသည် အမြတ်ဝေစု အတူ မျှဝေပြီး ရေအရင်းအမြစ် ပူးပေါင်းဆောင်ရွက်မှုသည် စဥ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်ခြင်း၊ ပြည်သူပြည်သားများအတွက် သုခချမ်းသာကို မြှင့်တင်ဆောင်ကြဥ်းပေးကာ ချမ်းမြေ့သာယာသော ဇာတိမြေကို အတူတကွ တည်ဆောက် မျှဝေခြင်း၊ ဆန်းတင့်ဝေဆာလှသော လူမှုဖလှယ်ရေး အဆက်မပြတ် ပြုလုပ်ကာ ပြည်သူပြည်သားတို့ စိတ်ချင်း နီးစပ်စေရန် တံတားများကို တည်ဆောက်ခြင်းနှင့် လူငယ်ဖလှယ်မှုများသည် အားကောင်းကာ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွင် လူငယ်များ၏ ခွန်အားသစ်များ ဆောင်ကြဥ်းလာခြင်း ဖြစ်ပါသည်။

အဆိုပါလှုပ်ရှားမှု ကျင်းပသည့် ကာလအတွင်းတွင် “မြစ်တစ်စင်း မေတ္တာ၊ မိသားစုတစ်စု ချစ်ခင်းမှု” ခေါင်းစဉ်ဖြင့် ပိုစတာပြပွဲနှင့် ဓာတ်ပုံပြပွဲကိုလည်း ကျင်းပခဲ့ပါသည်။ “လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု အမြန်ဖတ်ရှုခြင်း၊ အောင်သီးအောင်နှံများ ချီးကျူးပေးခြင်း” စာအုပ်သစ် ထုတ်ပြန်ခဲ့ပါသည်။ တရုတ်ပြည်တွင်း သက်ဆိုင်ရာဌာနများနှင့် တက္ကသိုလ်များမှ ကျွမ်းကျင်ပညာရှင်များ၊ ပါရဂူများနှင့် တာဝန်ရှိသူများသည် “လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသတွင်း နိုင်ငံများ အေးအတူ ပူအမျှ အကျိုးတူ အသိုက်အဝန်း အတူတည်ဆောက်ရေးအတွက် ခွန်အားသစ်များ ထည့်သွင်းခြင်း”ဟူသော ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲကို အထူးပြုလုပ်ခဲ့ပါသည်။ ထိုနေ့တွင် “လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် လူငယ်များမှ ပါဝင်သော အခန်းကဏ္ဍ”ဟူသော ခေါင်းစဉ်ဖြင့် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသမှ လူငယ်များ နှီးနှောဖလှယ်ပွဲကိုလည်း ကျင်းပခဲ့ပါသည်။ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ လူငယ်ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ လန်ချန်း-မဲခေါင် လူငယ်များ လီကျန်း ခရီးသွားနှင့် ယဥ်ကျေးမှုဆိုင်ရာ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ၎င်းတို့၏ အတွေ့အကြုံများနှင့် ခံစားချက်များကို မျှဝေခဲ့ကြပါသည်။ (ဆောင်းပါးအရင်းအမြစ် - ယူနန်နေ့စဥ်သတင်းစာအဖွဲ့။ ဘာသာပြန် - Yunnan gateway)