၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် “လန်ချန်း-မဲခေါင် လူငယ်များ အွန်လိုင်း - လန်ချန်း-မဲခေါင်ဒေသ စီမံအုပ်ချုပ်ရေး” သင်တန်းကို Fudan တက္ကသိုလ်တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ Fudan တက္ကသိုလ်၊ ကမ္ဘောဒီးယားနိုင်ငံ Royal University of Phnom Penh၊ လာအိုအမျိုးသားတက္ကသိုလ်၊ ထိုင်းနိုင်ငံ Prince of Songkla University၊ မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်၊ ဗီယက်နမ် နိုင်ငံခြားရေးကောလိပ်တို့မှ ဧည့်သည်တော်များ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများသည် အွန်လိုင်းပုံစံဖြင့် အစည်းအဝေးသို့ ပါဝင်တက်ရောက်ကြသည်။
၅ ရက်ကြာသောသင်တန်းတွင် လန်ချန်း-မဲခေါင် ၆ နိုင်ငံမှ ပညာရှင်များသည် လန်ချန်း-မဲခေါင်ဒေသ၏ စီမံအုပ်ချုပ်ရေးကို ခေါင်းစဉ်အဖြစ် ထား၍ ၆ နိုင်ငံမှ သင်တန်းသားများအတွက် ပညာပို့ချသည့်အပြင် ဟောပြောပွဲ ၁၄ ပွဲကို ကျင်းပခြင်းဖြင့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုတိုးတက်ရေး၊ မဲခေါင်ဒေသတိုးတက်မှု၏ အောင်မြင်မှုအသစ်များ၊ လန်ချန်း-မဲခေါင်ဒေသ လူငယ်များ၏ သုတေသန ဖလှယ်ရေး၊ အစိမ်းရောင်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကပ်ရောဂါ ကာကွယ်ရေး၊ ဘေးအန္တရာယ် လျှေ့ာချရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ရေလုံခြုံရေးနှင့် ရေစီမံခန့်ခွဲရေး စသောအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။