တရုတ်-မြန်မာ နယ်စပ်၌ လုံချွမ်းတယ်အောင်းတိုင်းရင်းသား လုံးရန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

Yunnan Gateway, March 2, 2023
Size:

ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်ရှိ လုံချွမ်းခရိုင် ၂၀၂၃ ခုနှစ် တယ်အောင်းတိုင်းရင်းသား လုံးရန်ပွဲတော်ကို ကျန်းဖုန်းမြို့နယ် ဟူလုံးကျေးရွာ၏ လုံးရန်ရင်ပြင်၌ ကျင်းပခဲ့ကြောင်း သိရပါသည်။

ပွဲတော်အတွင်း တယ်အောင်းတိုင်းရင်းသားလူမျိုးစုတို့သည် ဝါးခြင်းတောင်းကို ယက်လုပ်ကြပြီး လက်ဖက်ရွက်များကို ဆွတ်ခူးကာ လုံးရန်မျှော်စင်ကို ပန်းများနှင့် လက်ဖက်ရွက်များဖြင့် အလှဆင်ကြပါသည်။ ထို့နောက်၊ လုံးရန်ရင်ပြင်သို့ ရေစည်များကို သယ်ဆောင်လာကြသည်။

ဆန်းတင့်တေဆာလှသော ပြဇာတ်ဖျော်ဖြေပွဲကို ဆင်နွှဲကျင်းပပြီးနောက် ကျယ်လောင်သော မောင်းသံများနှင့် ဗုံသံများနှင့်အတူ ရွှင်မြူးသော တေးဂီတများဖြင့် သီဆိုဖျော်ဖြေရာတွင် ပွဲတော်ဝတ်စုံများ ဝတ်ဆင်ထားကြသည့် သောင်းနှင့် ချီသော တယ်အောင်းလူမျိုးများနှင့် ခရီးသွားဧည့်သည်များသည် လုံးရန်အက ပျော်ရွှင်စွာ ကခုန်ခဲ့ကြသည်။

တယ်အောင်းတိုင်းရင်းသားလူမျိုးစုသည် လုံချွမ်းခရိုင်၌ အခြေစိုက်နေထိုင်သော တိုင်းရင်းသားလူမျိုးစု ငါးစုထဲမှ တစ်ခုဖြစ်ပြီး လုံးရန်ပွဲတော်သည် တယ်အောင်းလူမျိုးစုတို့၏ ရှေးအကျဆုံးရိုးရာပွဲတော်ဖြစ်သည်။

အရာရာပြန်လည်ရှင်သန်လာသည့် နွေဦးရာသီ ရောက်တိုင်း တယ်အောင်းလူမျိုးစုတို့သည် လုံးရန်မျှော်စင်အောက်တွင် ဆုံစည်းကာ နှစ်သစ်မှာ ရာသီဥတု သာယာပါစေ၊ အစစအရာရာ အဆင်ပြေပါစေဟု ဆုတောင်းလေ့ရှိပါသည်။

ဓာတ်ပုံများနှင့်အတူ လုံးရန်ပွဲတော်၏ အငွေ့အသက်များကို အတူတူ ခံစားလိုက်ကြရအောင်။ (ဆောင်းပါးအရင်းအမြစ် - လုံချွမ်းခရိုင်မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)