RCEP ဆက်လက်နက်ရှိုင်းလာသည်နှင့်အမျှ ချုံချင့်-ယူနန်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ရထားသည် တည်ငြိမ်စွာ ပြေးဆွဲလျက်ရှိ

Yunnan Gateway, March 1, 2023
Size:

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဝီစီသံနှင့်အတူ မော်တော်ဆိုင်ကယ်နှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်သည့် ချုံချင့်-ယူနန်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ရထားတစ်စီးသည် ချုံချင့်မြို့ ထျန်ကျဲ့ချွမ် ဘူတာရုံမှ ထွက်ခွာခဲ့ပါသည်။ ယူနန်ပြည်နယ် လင်ချန်းမြို့ ချင်ရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် ရထားလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်း ပူးတွဲပို့ဆောင်ရေးနည်းလမ်းဖြင့် နောက်ဆုံးတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မေလ ၂၃ ရက်နေ့တွင် ချုံချင့်-ယူနန်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာရထားသည် ပထမဆုံးအကြိမ် အောင်မြင်စွာ ပြေးဆွဲခဲ့ပါသည်။ အဆိုပါရထားတွဲများသည် တည်ငြိမ်စွာ ပြေးဆွဲလာနိုင်သည့်အတွက် ချုံချင့်နှင့် ပတ်ဝန်းကျင်ရှိ ဒေသများမှ တင်ပို့သည့် ကုန်စည်များသည် ဥရောပ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် တောင်အာရှနိုင်ငံများသို့ မြန်မာ့ဆိပ်ကမ်းမှတစ်ဆင့် ပို့ဆောင်နိုင်ပြီး သယ်ယူပို့ဆောင်ရေး အကွာအဝေးနှင့် သယ်ယူပို့ဆောင်ရေး အချိန်တို့အား အလွန်တိုတောင်းစေနိုင်ခဲ့သည်။ (ဆောင်းပါးအရင်းအမြစ် - “ချုံချင့်သတင်း”WeChat အကောင့်။ ဘာသာပြန် - Yunnan gateway)