တရုတ်-မြန်မာနယ်စပ်ရှိ ကျန်းဖုန်းနယ်စပ်ဂိတ်မှတစ်ဆင့် သယ်ယူပို့ဆောင်သည့် သွင်းကုန်နှင့် ပို့ကုန် တန်ဖိုးမှာ ယွမ် သန်း ၃၃၀ ရှိပြီး ယမန်နှစ် အလားတူကာလထက် ၇ ဆ တိုးမြှင့်လာ

Yunnan Gateway, March 1, 2023
Size:

လက်ရှိအချိန်အထိ တရုတ်-မြန်မာနယ်စပ် ကျန်းဖုန်းနယ်စပ်ဂိတ်မှတစ်ဆင့် တင်သွင်းတင်ပို့သည့် ကုန်စည် ပမာဏမှာ တန်ချိန် ၁၃၈,၉၀၀ ကျော်ရှိပြီး ကုန်သွယ်မှုပမာဏမှာ ယွမ် ၃၃၅ သန်းကျော်ရှိပြီး ယမန်နှစ် အလားတူ ကာလထက် ၃ ဒသမ ၇ ဆ နှင့် ၇ ဒသမ ၆ ဆ အသီးသီး တိုးမြှင့်လာကြောင်း ရွှေလီမြို့ နယ်စပ်ဂိတ် လူဝင်မှုကြီးကြပ်ရေး စခန်း၏ သတင်းအရ သိရှိပါသည်။

“ပြီးခဲ့တဲ့ငါးမိနစ်က ငှက်ပျောသီးတွေ အပြည့်တင်တဲ့ ကားဟာ မြန်မာနိုင်ငံထဲမှာ ရှိနေတုန်းပဲ၊။ ဖုန်းခေါ်ဆိုမှု တစ်ခုအတွင်းမှာပဲ နယ်စပ်စစ်ဆေးရေးလုပ်ထုံးလုပ်နည်းတွေနဲ့ ငှက်ပျောသီးတွေကို တရုတ်နိုင်ငံကို တင်ပို့လာနိုင်ခဲ့တယ်။ နောက်တနေ့မှာတော့ ဒီငှက်ပျောသီးတွေကို တရုတ်နိုင်ငံရှိ နေရာအနှံ့သို့ တင်ပို့ပေးပါတယ်။ အကောက်ခွန် ရှင်းလင်းရေး အရှိန်အဟုန်လည်း ပိုမြန်လာပြီး နယ်စပ်ကုန်သွယ်မှုဟာ ပိုပြီး အလားအလာကောင်းလာပါတယ်”ဟု တစ်နှစ်ပတ်လုံး သစ်သီးဝလံတင်သွင်းရောင်းဝယ်ရေး ပါဝင်လုပ်ကိုင်နေသည့် မစ္စတာယန်က ပြုံးပြုံးရွှင်ရွှင်နှင့် ပြောသည်။ ယခုအချိန်သည် မြန်မာနိုင်ငံတွင် သစ်သီးဝလံ ပေါ်သည့် ရာသီဖြစ်ပြီး ငှက်ပျောသီး၊ ကြံနှင့် ဖရဲသီးစသည့် လတ်ဆတ်သော သစ်သီးဝလံများ သယ်ဆောင်သည့် ကုန်တင်ကားများသည် ကျန်းဖုန်းနယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်ဈေးကွက်သို့ ဆက်လက်တင်ပို့လျက်ရှိသည်။

သွင်းကုန်နှင့် ပို့ကုန် ကုန်သွယ်ရေးနှင့် ပို့ဆောင်ရေးကုမ္ပဏီများ၏ အကောက်ခွန်ရှင်းလင်းရေး အစီအစဥ်များ တိကျမှန်ကန်စွာ သိရှိရန် ကျွန်ုပ်တို့သည် နယ်စပ်ဂိတ် အကောက်ခွန်ရှင်းလင်းရေးသတင်းအချက်အလက်များ မျှဝေခြင်း ပလပ်ဖောင်းကို ထူထောင်လျက်ရှိကြောင်း၊ နယ်စပ်ဂိတ်မှတစ်ဆင့် သွားလာဖြတ်ကျော်နေသည့် ကုန်တင်ကား အထွတ်အထိပ်စီးရေ သတိပေးချက်ကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ကာ နယ်စပ်ဂိတ် ကုန်စည်ပို့ဆောင်မှု ချောမွေ့ပြီး စနစ်တကျ အကောက်ခွန်ရှင်းလင်းရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိနေကြောင်း ကျန်းဖုန်းနယ်စပ်ဂိတ်မှ သက်ဆိုင်ရာ တာဝန်ခံက ပြောကြားပါသည်။

ကျန်းဖုန်းနယ်စပ်ဂိတ်မှတစ်ဆင့် တင်သွင်းသည့် ကုန်ပစ္စည်းများမှာ အဓိကအားဖြင့် စိုက်ပျိုးရေးနှင့် ဘေးထွက်ကုန်ပစ္စည်းများနှင့် လတ်ဆတ်သော လယ်ယာထွက်ကုန်များဖြစ်ပြီး တင်ပို့သည့် ကုန်ပစ္စည်းအများစုမှာ နေ့စဉ်သုံးပစ္စည်းများ၊ စက်ပစ္စည်းများနှင့် ဓာတ်မြေသြဇာများဖြစ်ကြောင်း သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်စည်းလုံးညီညွတ်ရေးသတင်းစာ။ ဘာသာပြန် - Yunnan gateway)