၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာဒီဇိုင်းပြိုင်ပွဲ ဆုရရှိသူများစာရင်း ထုတ်ပြန်

Yunnan Gateway, March 1, 2023
Size:

မကြာသေးမီက ရွေးချယ်ခဲ့သော ၂၀၂၂ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲ၏ ဆုရရှိသူများစာရင်းကို ယနေ့တွင် တရား၀င် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရပါသည်။

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာ ဒီဇိုင်းပြိုင်ပွဲသည် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့် တရုတ်နိုင်ငံ နိုင်ငံတကာပြန်ကြားရေး ဖွံ့ဖြိုးတိုးတက်မှုစင်တာ (CCICD)၊ အပြည်ပြည်ဆိုင်ရာ ဝါးနှင့် ကြိမ် ယက်လုပ်ခြင်း အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (INBAR)၊ တရုတ်နိုင်ငံ ဗဟို ပန်းချီအနုပညာကောလိပ်၊ ယူနန်တက္ကသိုလ်၊ ယူနန်ပြည်နယ် တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတကာပြန်ကြားရေးစင်တာနှင့် ထိုင်းနိုင်ငံ ဘန်ကောက်တက္ကသိုလ်၊ လာအိုနိုင်ငံ အမျိုးသားတက္ကသိုလ် နှင့် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်တက္ကသိုလ်တို့ ပူးပေါင်း ကျင်းပသည့် နိုင်ငံတကာ ဒီဇိုင်းပြိုင်ပွဲတစ်ခု ဖြစ်ပေသည်။ ယခုအခါတွင် အဆိုပါပြိုင်ပွဲသည် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ၌ နာမည်ကျော်ကြားမှုရှိသည့် နိုင်ငံတကာအနုပညာပွဲ တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။

ယခုအကြိမ်ပြိုင်ပွဲတွင် ပိုစတာဒီဇိုင်းပြိုင်ပွဲနှင့် ဝါးနှင့် ကြိမ်ယက်လုပ်ခြင်းပြိုင်ပွဲ ဟူ၍ နှစ်မျိုးရှိပြီး လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသရှိ နိုင်ငံ ၆ နိုင်ငံမှ ပါ၀င်ယှဥ်ပြိုင်သည့် လက်ရာ တစ်ထောင်နီးပါး ရှိပါသည်။ အကဲဖြတ်ရွေးချယ်ပြီးနောက် ပထမဆု ၂ ခု၊ ဒုတိယဆု ၁၀ ခု၊ တတိယဆု ၂၀ ခုနှင့် နှစ်သိမ့်ဆု ၆၀ ခုတို့ကို ချီးမြှင့်ခဲ့ပါသည်။ ဆုရရှိသူများစာရင်းနှင့် သက်ဆိုင်ရာအချက်အလက်များကို အသေးစိတ် သိရှိရန် ပြိုင်ပွဲ၏ တရားဝင်ဝဘ်ဆိုဒ် (www.lmcda.org.cn) နှင့် WeChat အကောင့်သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ (ဆောင်းပါးအရင်းအမြစ် - Guangming Daily ။ ဘာသာပြန် - Yunnan gateway)