ယူနန်ပြည်နယ်ရှိ တရုတ်-မြန်မာနှစ်နိုင်ငံ စာဖတ်သူများကို ဝန်ဆောင်မှုပေးနေသော ပထမဆုံးစာကြည့်တိုက်သည် အများပြည်သူသို့ ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားရှိ

Yunnan Gateway, February 27, 2023
Size:

ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက်တွင် ပထမဆုံးအကြိမ် တရုတ်-မြန်မာ စာဖတ်သူ ချစ်ကြည်ရေး ယဉ်ကျေးမှု ဖလှယ်ရေးလှုပ်ရှားမှုကို ကျင်းပခဲ့ကြောင်း သိရပါသည်။

“တနင်္ဂနွေနေ့နဲ့ စနေနေ့တိုင်း စာကျက်ဖို့ ဒီကို လာလေ့ရှိပါတယ်။ ဒီမှာ စာအုပ်တွေ အရမ်းပေါများပြီး မျိုးစုံပါတယ်။ အရမ်းကြိုက်တယ်” ဟု အဆိုပါစာဖတ်ဖလှယ်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရွှေလီမြို့ အမှတ် ၃ မင်းဇူအလယ်တန်းကျောင်းမှ မြန်မာကျောင်းသူ လီယွီလျူက ဝမ်းသာအားရ ပြောသည်။

“ဒီမှာ မြန်မာစာအုပ်တွေ အများကြီးရှိတယ်၊ ကျွန်မက ဒီနေရာကို အရမ်းကြိုက်ပါတယ်” ဟု ရွှေလီမြို့ အမှတ် ၃ မင်းဇူအလယ်တန်း ကျောင်းမှ မြန်မာကျောင်းသူ ယန်ပီရွန်က ပြောပါသည်။

ရွှေလီမြို့ အမှတ် ၁ မူလတန်းကျောင်းမှ ကျောင်းသူ ကျင့်ယီထုံးသည် ရုပ်ပြစာအုပ်များ ဖတ်ရှုခြင်းကို နှစ်သက်ပါသည်။ "ဒီစာကြည့်တိုက်မှာ ကျွန်မ အကြိုက်ဆုံး ရုပ်ပြစာအုပ်တွေကို တွေ့ခဲ့တယ်" ဟု သူမက ပြောပါသည်။

လုံးမောကန်ဥယျာဥ်တွင် တည်ရှိသော တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရေး ၂၄ နာရီ စမတ်စာကြည့်တိုက်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၎င်းသည် လက်ရှိအချိန်တွင် ယူနန်ပြည်နယ်ရှိ တရုတ်-မြန်မာနှစ်နိုင်ငံ စာဖတ်သူများကို ဝန်ဆောင်မှုပေးနေသော ပထမဆုံးစာကြည့်တိုက်ဖြစ်သည်။ အဆိုပါစာကြည့်တိုက်တွင် ယွမ်ငွေ တစ်သိန်း တန်ဖိုးရှိ စာအုပ်များရှိပြီး အထွေထွေစာအုပ်များ၊ ပေါက်ဖော်ယဥ်ကျေးမှုအထူးစာအုပ်စင်စသည်တို့ ပါဝင်ပါသည်။ ၎င်းသည် ၂၄ နာရီပတ်လုံး ဖွင့်လှစ်ထားသော ထွန်းသစ်စ စာကြည့်တိုက်ဝန်ဆောင်မှုစနစ်ဖြစ်ပါသည်။ ကိုယ်တိုင်ရှာဖွေလေ့လာခြင်း၊ ငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းနှင့် စာအုပ်များပြန်ပေးခြင်းစသည့် ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ပြီး အလိုအလျောက် စမတ်စာအုပ်စီမံခန့်ခွဲမှုကို အမှန်တကယ် ဖြစ်မြောက်လာခဲ့သည်။ "နံရံများ"မပါသော စာကြည့်တိုက် ဖြစ်ပြီး တရုတ်-မြန်မာစာဖတ်သူ ၅၀၀၀ ကျော်ကို ဝန်ဆောင်မှုပေးခဲ့ပါသည်။ (ဆောင်းပါးအရင်းအမြစ် - ရွှေလီမြို့ မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)