တရုတ်-မြန်မာ နယ်စပ်ရှိ မွန်တင့် ချင်ရွှေဟော် အမျိုးသားအဆင့်နယ်စပ်ဂိတ်တွင် ခရီးသည်များအကောက်ခွန်ရှင်းလင်းမှု အပြည့်အဝ ပြန်လည်စတင်လိုက်ပြီဖြစ်

Yunnan Gateway, February 27, 2023
Size:

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံသို့ အရေးပါသော နယ်စပ်ဂိတ်ဖြစ်သည့် မွန်တင့် ချင်ရွှေဟော် နယ်စပ်ဂိတ်တွင် ခရီးသည်များအကောက်ခွန်ရှင်းလင်းမှု အပြည့်အဝ ပြန်လည်စတင်ခဲ့ကြောင်း သိရပါသည်။

မွန်တင့် ချင်ရွှေဟော် နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံ အမျိုးသားပထမအဆင့် တံခါးဖွင့် နယ်စပ်ဂိတ်ဖြစ်သကဲ့သို့ တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး လုပ်ကိုင်သော အဓိက ကုန်းတွင်းနယ်စပ်ဂိတ်တစ်ခုနှင့် တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာ လမ်းမကြီး၏ အရေးကြီးသော အချက်အချာနေရာလည်းဖြစ်ပါသည်။ ခရီးသည်များအကောက်ခွန်ရှင်းလင်းမှု ပြန်လည်စတင်သည့်နေ့တွင် မွန်တင့် ချင်ရွှေဟော် နယ်စပ်ဂိတ် ခရီးသည်အကောက်ခွန်ရှင်းလင်းမှုအလုပ်ရုံ၌ အကောက်ခွန်လုပ်ထုံးလုပ်နည်းများ လာရောက်ဆောင်ရွက်သည့် ခရီးသည်များသည် အဆုံးမရှိ စီးဆင်းနေပါသည်။ ဝန်ထမ်းများသည် အဝင်အထွက်ခရီးသည်များအတွက် အကောက်ခွန်ရှင်းလင်းရေးလုပ်ထုံးလုပ်နည်းအမျိုးမျိုးကို စိတ်အားထက်သန်စွာ ကိုင်တွယ်ဆောင်ရွက်ပြီး အဝင်အထွက်ခရီးသည်များ၏ ဘေးကင်းမှု၊ စနစ်တကျရှိမှုနှင့် မြန်ဆန်မှုရှိသော အကောက်ခွန်ရှင်းလင်းမှုကို အပြည့်အဝအာမခံဆောင်ရွက်ပါသည်။

“မွန်တင့် ချင်ရွှေဟော် နယ်စပ်ဂိတ်မှာ အကောက်ခွန်ရှင်းလင်းရေး ပြန်လည်စတင်လာတဲ့အတွက် ကျွန်တော်တို့အဖို့ အရမ်းကောင်းပါတယ်။ အရင်တုန်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ထိခိုက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ မြန်မာနိုင်ငံသို့ စိုက်ပျိုးရေးနဲ့ ဘေးထွက်ပစ္စည်းတွေကို သွားရောက်ဝယ်ယူဖို့ အဆင်ပြေသွားပါပြီ။ လင်ချန်းနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်မှုဇုန် စီမံအုပ်ချုပ်ကော်မတီနဲ့ ဌာနအသီးသီးတို့ဟာ ကျွန်တော်တို့ ပို့ကုန်သွင်းကုန် အကောက်ခွန်ရှင်းလင်းရေးအတွက် အလွန်လျင်မြန်ပြီး ထောက်ထားစာနာတဲ့ ဝန်ဆောင်မှုတွေကို ပေးဆောင်နေပါတယ်။ ကျေးဇူးအထူးတင်ရှိပါတယ်”ဟု ကုန်တင်ကားမောင်းသူ ယီချုံကျုံက ပြောပါသည်။ (ဆောင်းပါးအရင်းအမြစ် - လင်ချန်းမြို့ မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)