တရုတ်-မြန်မာ နယ်စက်ဒေသတွင် လုံချွမ်းဝါးဖောင်ပြိုင်ပွဲ ပြုလုပ်ကျင်းပကာ တကယ့်စွမ်းရည်များကို ပြသရန် အချိန်ကျရောက်လာပြီဖြစ်

Yunnan Gateway, February 24, 2023
Size:

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် "လှုပ်ရှားသော တယ်ဟုန်၊ လှပသော လုံချွမ်း" ၂၀၂၃ ခုနှစ် လုံးကွမ့်ပန်းတောင် ဝါးဖောင်ပြိုင်ပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ နှစ်ရက်ကြာ ယှဉ်ပြိုင်မှုအတွင်း ကျန်းဖုန်းမြို့နယ်ရှိ ရပ်ကွက်အသိုင်းအဝိုင်းအသီးသီးမှ ပြိုင်ပွဲဝင် ၁၀၈ ဦးသည် ရေကန်ပေါ်တွင် ဆက်လက်ရုန်းကန်ယှဥ်ပြိုင်နေခဲ့ကြသည်။

“ဝါးဖောင်ကို ခဏခဏ မြင်တွေ့နိုင်ပေမယ့် ဝါးဖောင်ပြိုင်ပွဲကိုတော့ တွေ့ရဖို့ ရှားပါတယ်။” ပါဝင်သည့် အသင်းများ၏ အားပေးမှုအဖွဲ့များအပြင် စိတ်ဝင်စားဖွယ်ကောင်းသော ယှဉ်ပြိုင်မှုများသည် လာရောက်ကြည့်ရှုသည့် ခရီးသွား အများအပြားကိုလည်း ဆွဲဆောင်ခဲ့ပါသည်။

“ဒီပြိုင်ပွဲဟာ တိုင်းရင်းသားဓလေ့ထုံးစံတွေနဲ့ အားကစားလှုပ်ရှားမှုတွေ ပေါင်းစပ်တဲ့အတွက် အမျိုးသားကြံ့ခိုင်ရေးနဲ့ တိုင်းရင်းသားအားကစားလှုပ်ရှားမှုတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပေါ် များစွာမြှင့်တင်ပေးနိုင်ပါတယ်။ တိုင်းရင်းသားပွဲတော် နေ့ထူးနေ့မြတ်တွေမှာ တိုင်းရင်းသား ယှဥ်ပြိုင်မှုအားကစားလှုပ်ရှားမှုတွေကို များစွာ ထည့်သွင်းပေးဖို့နဲ့ တိုင်းရင်းသား ယှဥ်ပြိုင်မှုအားကစားလှုပ်ရှားမှုတွေ ဆက်ခံနိုင်ဖို့လည်း ကျွန်တော်က မျှော်လင့်ထားပါတယ်”ဟု ယခုအကြိမ်ပြိုင်ပွဲတွင် ဒိုင်လူကြီးအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးက ပြောပါသည်။

ဝါးဖောင်ပြိုင်ပွဲအပြီးတွင် ရိုးရာတေးသီချင်းများ သီဆိုဖျော်ဖြေမှုအစီအစဥ်ကိုလည်း ကျင်းပပြုလုပ်ခဲ့ပါသည်။ တိုင်တိုင်းရင်းသား လူငယ်နှင့် အမျိုးသမီးငယ်များ တင်ဆောင်လာသော ဝါးဖောင်နှစ်စင်းသည် ဆိပ်ခံမှ ဝေးရာသို့ တဖြည်းဖြည်း ရွက်လွှင့်၍ ငြိမ်သက်နေသော ရေကန်ပေါ်တွင် တိုင်လူမျိုးတို့၏ အချစ်သီချင်းဖြင့် ချစ်ခြင်းမေတ္တာများကို ဖြည်းညှင်းစွာ ဖော်ပြကြကို အဝေးမှ ကြည့်ရသည်မှာ လှပသော ချစ်ခြင်းမေတ္တာရုပ်ပုံလွှာတစ်ချပ်ကဲ့သို့ပင် ဖြစ်နေပါတော့သည်။ (ဆောင်းပါးအရင်းအမြစ် - လုံချွမ်းခရိုင်မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)