တရုတ်-မြန်မာ နယ်စပ်ဒေသ လင်ချန်းနယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မွန်တင့်ချင်ရွှေဟော်နယ်စပ်ဂိတ်သည် တင်သွင်းလာသည့် လက်ဖက်ခြောက် အချောကိုင်စီမံကိန်း စတင်လည်ပတ်လုပ်ကိုင်လျက်ရှိ

Yunnan Gateway, February 22, 2023
Size:


ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တရုတ်-မြန်မာ နယ်စပ်ဒေသ လင်ချန်းနယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် မွန်တင့်ချင်ရွှေဟော်နယ်စပ်ဂိတ်သည် တင်သွင်းလာသည့် လက်ဖက်ခြောက် အချောကိုင်စီမံကိန်း စတင်လည်ပတ်လုပ်ကိုင်လျက်ရှိကြောင်း သိရပါသည်။

အဆိုပါစီမံကိန်းသည် ၎င်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်၏ စံညွှန်းနှင့်အညီ အလုပ်ရုံအတွင်း အခြေစိုက်သည့် ပြည်ပမှ တင်သွင်းသည့် အထူးလယ်ယာထွက်ကုန် အချာကိုင်ခြင်း၏ ပထမဆုံး စီမံကိန်းဖြစ်သည်။ ထုတ်လုပ်မှုလိုင်း နှစ်ခုကို ထူထောင်ထားပါသည်။ ရိုးရိုးကုန်သွယ်ရေးနှင့် နယ်စပ်ပြည်သူပြည်သားများ အပြန်အလှန် ကုန်သွယ်ရေးစသည့် ကုန်သွယ်ရေးနည်းလမ်းများဖြင့် မွန်တင့် ချင်ရွှေဟော်နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံထွက် လက်ဖက်စိမ်းကို တင်သွင်းကာ အချာကိုင်ပါသည်။ လက်ဖက်ထွက်ကုန် အမျိုးမျိုးကို ထုတ်လုပ်ပြီးနောက် အွန်လိုင်း လိုက်ဖ်လွှင့်ရောင်းချခြင်းနှင့် အော့ဖ်လိုင်း ဖောက်သည်များနှင့် မှာယူမှုစာချုပ်များ ချုပ်ဆိုခြင်း စသည့် အရောင်းလမ်းကြောင်းများမှတစ်ဆင့် တရုတ်နိုင်ငံ ပြည်တွင်းနှင့် နိုင်ငံရပ်ခြား ဈေးကွက်များသို့ တင်ပို့ရောင်းချသည်။ (ဆောင်းပါးအရင်းအမြစ် - လင်ချန်းအမျိုးသားအဆင့်နယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်။ ဘာသာပြန် - Yunnan gateway)