ယူနန်ပြည်နယ် ရွှေလီ ကောမိန့် မူလတန်းကျောင်း ဖွင့်လှစ်ရာ တရုတ်-မြန်မာ နှစ်နိုင်ငံကျောင်းသူကျောင်းသား ၃၄၅ ဦး ကျောင်းပြန်တက်

Yunnan Gateway, February 22, 2023
Size:

တရုတ်-မြန်မာနယ်စပ်တွင် တည်ရှိသော ယူနန်ပြည်နယ် တယ်ဟုန် တိုင်၊ ဂျိမ်းဖောတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရွှေလီမြို့ရှိ ကျယ်ခေါင် ကောမိန့်မူလတန်းကျောင်းသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ၂၀၁၃ ခုနှစ် နွေဦးရာသီစသင်နှစ်ကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ နှစ်နှစ်ကျော်ကြာ တခြားကျောင်းတွင် ယာယီ ကျောင်းတက်သည့် အချိန်ပြီးနောက် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအားလုံးသည် သင်ကြားရေးပို့ချ သင်ယူရန် စာသင်ကျောင်းသို့ တရားဝင် ပြန်လည်ရောက်ရှိကြပြီဖြစ်သည်။

ကျယ်ခေါင် ကောမိန့်မူလတန်းကျောင်းသည် ရွှေလီမြို့ ကျယ်ခေါင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်တွင် တည်ရှိကာ မြန်မာနိုင်ငံနှင့် ထိစပ်လျက်ရှိပါသည်။ ၎င်းစာသင်ကျောင်းတွင် တရုတ်နှင့် မြန်မာနှစ်နိုင်ငံမှ ကျောင်းသူကျောင်းသားများ ရှိပါသည်။ "တရုတ်-မြန်မာ ပေါက်ဖော်" ချစ်ကြည်ရင်းနှီးမှု လက်ဆင့်ကမ်းပြီး ထူးခြားသော အမှတ်တံဆိပ် ပိုင်ဆိုင်သော ကောမိန့်စာသင်ကျောင်းတစ်ခုဖြစ်သည်။

ထိုနေ့ နံနက်ခင်းတွင် မိဘများနှင့်အတူ ကျောင်းသူကျောင်းသားများက ကျောင်းသို့ တစ်ယောက်ပြီးတစ်ယောက် လာရောက်သတင်းပို့ကြသည်။ "သားသမီးတွေ၊ မင်္ဂလာနံနက်ခင်းပါ။" "ကျောင်းပြန်တက်ဖို့ ကြိုဆိုပါတယ်။" ဆရာ၊ ဆရာမများသည် ကျောင်းတံခါးရှေ့၌ တန်းစီပြီး ကျောင်းသူကျောင်းသားများကို စိတ်အားထက်သန်စွာ ကြိုဆိုနေကြပါသည်။

“ဒီတစ်ကြိမ်စာသင်နှစ်မှာ စုစုပေါင်း အတန်း ၁၀ တန်း ကျောင်းဖွင့်ပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံက ကျောင်းသူကျောင်းသား ၃၄၅ ဦး အောင်မြင်စွာ ကျောင်းပြန်တက်ကြပါတယ်။ တချို့ ကျောင်းသားတွေကတော့ ကျောင်းအပြောင်းအရွှေ့ လုပ်ထုံးလုပ်နည်းတွေ ဆက်လုပ်နေပါတယ်”ဟု အဆိုပါကျောင်းမှ တာဝန်ရှိသူက ပြောကြားပါသည်။ သန့်ရှင်းတောက်ပသော ကျောင်းဝင်းအတွင်း ဆရာ၊ ဆရာမများသည် သစ်ပင်များနှင့် စာသင်ခန်းများကို မီးပုံးပျံများဖြင့် ဂရုတစိုက် အလှဆင်ကြပြီး ကျောင်းသူကျောင်းသားများအတွက် နို့ အစရှိသည့် လက်ဆောင်များကိုလည်း ပြင်ဆင်ပေးခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောပါသည်။ (ဆောင်းပါးအရင်းအမြစ် - ရွှေလီမြို့မီဒီယာစင်တာ။ ဘာသာပြန် - Yunnan gateway)