တရုတ်ထိပ်တန်းသံတမန်နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံ

Yunnan Gateway, February 17, 2023
Size:

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံခြားရေးရာကော်မရှင်ရုံး ညွန်ကြားရေးမှူး ဝမ်ရိသည် ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် ဖေဖော်ဝါရီ ၁၃ ရက် က ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် ဝမ်ရိက တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မိသားစုတစ်ခုတည်းကဲ့သို့ နီးကပ်မှုရှိသည်ဟု မှတ်ချက်ပြုခဲ့ကြောင်း၊ ယမန်နှစ်က တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ထိုင်းနိုင်ငံအလည်အပတ်ခရီးစဉ် အောင်အောင်မြင်မြင်သွားရောက်ခဲ့ကြောင်း၊ တည်ငြိမ်မှု ၊ ကြွယ်ဝချမ်းသာမှုနှင့် စဉ်ဆက်မပြတ်ရှိမှု မြှင့်တင်ရေးအတွက် အေးအတူပူအမျှ တရုတ်-ထိုင်း အသိုက်အဝန်း တည်ဆောက်ရေးတွင် ထိုင်းနိုင်ငံနှင့်အတူ အရေးပါသော သဘောတူညီချက်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

သမ္မတ ရှီ၏ ခရီးစဉ်၌ ရရှိထားသော အကျိုးရလဒ်များအကောင်အထည်ဖော်ရေးအတွက် ထိုင်းနိုင်ငံနှင့် အတူတကွ ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို စောင့်ထိန်းရန်နှင့် ဒေသတွင်း တည်ငြိမ်၊ အေးချမ်းရေးကို ထိန်းသိမ်းရန် တရုတ်နိုင်ငံဘက်မှ အသင့်ရှိကြောင်း ဝမ်က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)