ယခုရက်များတွင် လန်ချန်း-မဲခေါင်ဒေသ လျှပ်စစ်ဓာတ်အား နည်းပညာစံနှုန်း မြှင့်တင်ရေးအသင်းကို တရားဝင် ဖွဲ့စည်းခဲ့ကြောင်း သိရပါသည်။ အဆိုပါအသင်းကို China Southern Power Grid Co., Ltd.၊ ကမ္ဘောဒီးယား လျှပ်စစ်ဓာတ်အားပေးကုမ္ပဏီနှင့် လာအို အမျိုးသားလျှပ်စစ်ဓာတ်အားကုမ္ပဏီတို့မှ ကထကမပြုခြင်း ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရသော ရည်ရွယ်ချက်မှာ လန်ချန်း-မဲခေါင်ဒေသ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်း အဆင့်မြှင့်တင်ရေးကို စံချိန်စံညွှန်းဖြင့် မြှင့်တင်ဆောင်ရွက်ရန်အတွက်လည်းကောင်း၊ စွမ်းအင်ချွေတာပြီး ကာဗွန်လျော့နည်းသော ဂေဟစနစ် တံတိုင်းကို ခိုင်ခံစွာ တည်ဆောက်ရန်အတွက်လည်းကောင်း၊ လျှပ်စစ်ဓာတ်အားထောက်ပံ့ရေး အာမခံနိုင်မှုကို မြှင့်တင်ရန်အတွက်လည်းကောင်း၊ "ရပ်ဝန်းနှင့် ပိုးလမ်းမ"အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတွန်းအားပေးတည်ဆောက်ရန်အတွက်လည်းကောင်း ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။
အသင်း၏ အဖွဲ့ဝင်ဌာနများသည် စံချိန်စံညွှန်းများကို အတူတကွ သုတေသနပြု ရေးဆွဲအသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။ လန်ချန်း-မဲခေါင်ဒေသရှိ လျှပ်စစ်ဓာတ်အားနည်းပညာနှင့် စက်ကိရိယာများ၏ စံချိန်စံညွှန်း သတ်မှတ်မှုအဆင့်ကို အတူလက်တွဲ မြှင့်တင်သွားမည် ဖြစ်သလို ဒေသအတွင်း ဓာတ်အားပေးစက်များ၊ အင်ဂျင်နီယာတည်ဆောက်မှု၊ မဟာဓာတ်အားလိုင်းလည်ပတ်မှုနှင့် ဓာတ်အားပေးဝေရေးဝန်ဆောင်မှုအဆင့်များကို ဘက်စုံ ဦးဆောင်မြှင့်တင်သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ဒေသတွင်း လျှပ်စစ်ဓာတ်အား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် ဆောင်ရွက်ရန်၊ နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ရေးဆိုင်ရာ လှုပ်ရှားမှုများတွင် လန်ချန်း-မဲခေါင်နိုင်ငံများ၏ လက်တွေ့ကျကျ ပါဝင်မှုကို တွန်းအားပေးရန်၊ အားသာချက် ရှိသော နယ်ပယ်များတွင် အဆင့်မြင့် ဒေသဆိုင်ရာစံနှုန်းများကို ပြုစုပြီး ၎င်းတို့အား နိုင်ငံတကာစံနှုန်းများ ဖြစ်လာအောင် ကြိုးပမ်းဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုနှစ်များတွင် China Southern Power Grid သည် လန်ချန်း-မဲခေါင်နိုင်ငံများ လျှပ်စစ်ဓါတ်အားကွန်ရက် အပြန်အလှန် ချိတ်ဆက်ရေးနှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အား ကုန်သွယ်မှုကို မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် ၁၁၀ ကီလိုဝပ် နှင့်အထက် ရှိသော နယ်စပ်ဖြတ်ကျော်သွယ်တန်းထားသော ဓါတ်လိုင်းအများအပြားကို ဖြတ်သန်းပြီး ဗီယက်နမ်၊ လာအိုနှင့် မြန်မာတို့၏ ဓာတ်အားလိုင်းကွန်ရက်နှင့် တစ်စိတ်တစ်ပိုင်း အပြန်အလှန် ချိတ်ဆက်ထားသည်။ ၂၀၂၂ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား၏ သွင်းကုန်ထုတ်ကုန်ပမာဏသည် ကီလိုဝပ်နာရီ ၃.၁၈၁ ဘီလီယံ ရှိပြီး ပြီးခဲ့သောကာလတူထက် ၅၃.၈၉ ရာခိုင်နှုန်း တိုးတက်လာပါသည်။