“တရုတ်-လာအို-ထိုင်း” အသွားအပြန်မီးရထား ပွဲဦးထွက်

lmcchina.org, February 17, 2023
Size:

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အအေးကွင်းဆက်ကွန်တိန်နာ ၁၉ လုံးနှင့် ဟင်းသီးဟင်းရွက် ၂၈၆ တန်ကို တင်ဆောင်သော တရုတ်လာအိုမီးရထား ”Lanchang-Mekong Express” အပြည်ပြည်ဆိုင်ရာ ကုန်တင်ရထားသည် ကူမင်းမြို့ ဝမ်ကျားယင် ဘူတာရုံမှ ထွက်ခွာခဲ့ပြီး ၅၅ နာရီအကြာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိခဲ့သည်။ ၎င်းသည် “တရုတ်-လာအို-ထိုင်း” အသွားအပြန် ပို့ဆောင်ရေးရထားများ ပထမဆုံးအကြိမ် အောင်မြင်စွာ မောင်းနှင်နိုင်ခြင်းကို ပြသထားသည်။

အထက်ပါ ”Lanchang-Mekong Express” နိုင်ငံတကာ ကုန်တင်ရထားသည် ကူမင်းမှ ဗီယန်ကျင်း ဘူတာရုံသို့ ရောက်ပြီး ရထားတွဲလဲ၍ ထိုင်းနိုင်ငံ၏ meter-gage railway ဖြင့် ဘန်ကောက်အထိ ပို့ဆောင်သည်။ မူလက မီးရထားလမ်း+ကားလမ်းပုံစံထက် တစ်ရက်ချွေတာနိုင်ပြီး ကုန်ကျစရိတ်သည် ၂၀ ရာခိုင်နှုန်း လျော့ကျသွားပေသည်။ အပြန်ခရီးတွင် ထိုင်းနိုင်ငံမှ ထွက်သော ကြက်မောက်သီး၊  ဒူးရင်းသီး စသော ရာသီထွက်သစ်သီးများကို သယ်ဆောင်လာ၍ အသွားရော အပြန်ပါ ကုန်ပစ္စည်းအပြည့် တင်ဆောင်နိုင်ပါသည်။

တရုတ်လာအိုနယ်ဖြတ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းသည် လာအို၊ ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ စင်ကာပူ စသော “ရပ်ဝန်းနှင့် လမ်းကြောင်း” နိုင်ငံများကို ဖြတ်ကျော်နေပြီ ဖြစ်၍ ပို့ဆောင်သောကုန်ပစ္စည်းသည် အစကတည်းက ၁၀ မျိုးကျော်ပဲ ရှိသည်မှ ယခု အမျိုးပေါင်း ၁၂၀၀ ကျော်အထိ ရှိလာသည်။ ဒေသတွင်း ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုလုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းကို တိုးမြှင့်နိုင်ပြီး ဒေသတွင်း စီးပွားရေး တိုးတက်ရန် တွန်းအားပေးနိုင်သည်။