တရုတ်-မြန်မာ နယ်စပ်ဒေသတွင် ကြွေပန်းမျိုးစိတ်သစ်တစ်ခုကို တရုတ်သုတေသနပညာရှင်များက ရှာဖွေတွေ့ရှိ

Yunnan Gateway, February 16, 2023
Size:

တရုတ်သုတေသနပညာရှင်အဖွဲ့သည် တရုတ်-မြန်မာ နယ်စပ်ဒေသရှိ ပေါင်စန်းမြို့ လုံးလိမ်ရှောက်ဟေးစန်း ပြည်နယ်အဆင့် သဘာဝဘေးမဲ့ဇုန်တွင် တောရိုင်းတိရစ္ဆာန်နှင့် ရုက္ခပင်အရင်းအမြစ်များ စူးစမ်းလေ့လာရာတွင် ကြွေပန်း မျိုးစိတ်သစ်တစ်ခုကို တွေ့ရှိကာ ၎င်းမျိုးစိတ်သစ်ကို Begonia longlingensis Y.H.Tan & H.B.Ding ဟု အမည်ပေးထားကြောင်း ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ သိပ္ပံနည်းပညာအကယ်ဒမီ၏ စစ်ဆောင်ပန်းနား အပူပိုင်းဒေသရုက္ခပင်ဥယျာဥ် (Xishuangbanna Tropical Botanical Garden of the Chinese Academy of Sciences)မှ သတင်းအရ သိရပါသည်။

လက်ရှိတွင် အဆိုပါအပူပိုင်းဒေသရုက္ခပင်ဥယျာဥ်မှ သုတေသနပညာရှင်များသည် အဆိုပါအကြောင်းအရာအား နိုင်ငံတကာမှ နာမည်ကျော်ကြားသော ရုက္ခပင်မျိုးစိတ်စာနယ်ဇင်း“Taiwania”တွင် ရေးသားဖော်ပြခဲ့ပါသည်။ (ဆောင်းပါးအရင်းအမြစ် - ပြည်သူ့နေ့စဥ်သတင်းစာ၊ ကျဲ့ကျန်းနေ့စဥ်သတင်းစာ။ ဘာသာပြန် - Yunnan gateway)