FuDan University မှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများသည် တရုတ်နိုင်ငံကိုယ်စား လန်ချန်း-မဲခေါင် ၆ နိုင်ငံမှ လူငယ်များ camp သို့ ပါဝင်တက်ရောက်

lmcchina.org, February 10, 2023
Size:

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြန်မာနိင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်းကြီးဌာနမှ ကြီးမှူးကျင်းပသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတစ်ရပ် ဖြစ်သော “လန်ချန်း-မဲခေါင် အနုပညာထူးချွန်လူငယ်များ၏ နိုင်ငံအထိန်းအမှတ်နေရာ ပန်းပုနှင့် ပန်းချီပညာလှုပ်ရှားမှု camp”ကို မန္တလေး အမျိုးသား အနုပညာတက္ကသိုလ်တွင် ကျင်းပရာ ၎င်းလှုပ်ရှားမှု၏ ရည်ရွယ်ချက်သည် visual arts လူငယ်အနုပညာရှင်ကို အလေးထားရန်နှင့် သက်ဆိုင်ရာနိုင်ငံများမှ လူငယ်အနုပညာရှင် များချင်းနီးကပ်စွာ ဖလှယ်နိုင်ရန် တွန်းအားပေးခြင်း ဖြစ်သည်။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အတွင်းရေးမှူးရုံး၊ မြန်မာပြည်ဆိုင်ရာ တရုတ်သံရုံး၏ ညွှန်ပြချက်အရ FuDan University မှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသား ၇ ဦးသည် တရုတ်နိုင်ငံကိုယ်စား ၎င်းလှုပ်ရှားမှုသို့ ပါဝင်တက်ရောက်ပြီး ပန်းပုနှင့် ပန်းချီပညာဖြင့် တရုတ်နိုင်ငံ၏ အထိန်းအမှတ်နေရာများကို ပြသပြီး တရုတ်ယဉ်ကျေးမှုကိုလည်း မျှဝေပေးသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် မြန်မာပြည်ဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Zheng Zhihong သည် အထက်ပါလှုပ်ရှားမှုသို့ ပါဝင်တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ပေသည်။ မြန်မာနိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဦးကိုကို၊ မန္တလေးဒေသကြီး ဝန်းကြီးချုပ် ဦးမောင်ကိုတို့သည် မန္တလေးတွင် ပါဝင်တက်ရောက်ကြသည်။ မြန်မာနိုင်ငံ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးရုံး ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာအဖွဲ့အစည်းနှင့် စီးပွားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်းသည် အွန်လိုင်းပုံစံဖြင့် ပါဝင်တက်ရောက်သည်။