တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး နှစ်နိုင်ငံချစ်ကြည်ရေးကို မျိုးဆက်တစ်ခုပြီးတစ်ခု ဆက်ခံစေရန် တရုတ်ဆို

CRI, February 7, 2023
Size:

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟုန်စိန်သည် တရုတ်နိုင်ငံသို့ လာရောက်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က တရုတ်နှင့် ကမ္ဘောဒီးယားတို့သည် အိမ်နီးချင်းကောင်းဖြစ်သည့်အပြင် ရိုးရာအစဉ်အလာ ချစ်ကြည်ရေးရှိကြောင်း၊ နှစ်နိုင်ငံခေါင်းဆောင်တို့၏ဦးဆောင်မှုဖြင့် လွန်ခဲ့သည့်နှစ်များတွင် တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာအသိုက်အဝန်း တည်ဆောက်ရေးသည် ကောင်းကျိုးရလဒ် များစွာရရှိခဲ့ပြီး နှစ်နိုင်ငံပြည်သူတို့အား အကျိုးကျေးဇူးများ ထင်ရှားသိသာစွာ ဆောင်ကြဉ်းပေးလာသည့်အပြင် ဒေသတွင်းနှင့် တစ်ကမ္ဘာလုံး၏ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် စည်ပင်သာယာမှုအတွက် အကျိုးပြုစွမ်းဆောင်ခဲ့ကြောင်း၊ ယခုနှစ်သည် တရုတ်-ကမ္ဘောဒီးယား သံတမန်ဆက်ဆံရေးထားရှိခဲ့သည့် ၆၅ နှစ် ပြည့်မြောက်သည့်နှစ်နှင့် တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးနှစ် ဖြစ်သည့်အတွက်ကြောင့် အခွင့်ကောင်းကို လက်မလွှတ်ဘဲ တရုတ်-ကမ္ဘောဒီးယား ကံကြမ္မာအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးပြီး နှစ်နိုင်ငံချစ်ကြည်ရေးကို မျိုးဆက်တစ်ခုပြီးတစ်ခု ဆက်ခံစေရန် တရုတ်ပြည်က မျှော်လင့်ကြောင်း ယမန်နေ့ ၆ ရက်နေ့က ကျင်းပခဲ့သောပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဖော်ပြခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။