အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် အစည်းအဝေးပြုလုပ်ပြီး အထွေထွေကိစ္စရပ်များ ဆွေးနွေး

CRI, February 4, 2023
Size:

ဒေသစံတော်ချိန် ဖေဖော်ဝါရီလ ၃ ရက်နေ့က (ဓာတ်ပုံတွင် ဘယ်ဘက်မှနေ ညာဘက်အထိ) မလေးရှား နိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir ၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး Enrique Manalo ၊ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ၊ ထိုင်း နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ၊ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီး Bui Thanh Son ၊ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ၊ လာအို နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ၊ ဘရူနိုင်းဒုတိယ နိုင်ငံခြားရေးဝန်ကြီး Erywan Yusof ၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ၊ အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး Adaljiza Magno နှင့် အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် Kao Kim Hourn တို့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့အာဆီယံအတွင်းရေးမှူးရုံး၌ ကျင်းပသော အာဆီယံညှိနှိုင်းရေးကောင်စီ အစည်းအဝေးတွင် စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြသည်။ အဆိုပါအစည်းအဝေးတွင် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံတွင် ယိုယွင်းနေသောအခြေအနေများ၊ စားနပ်ရိက္ခာနှင့် စွမ်းအင်လုံခြုံဖူလုံမှု၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေးနယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကို အဓိကထား ဆွေးနွေးကြကြောင်း သိရှိရသည်။