တယ်ဟုန်ပြည်နယ်ခွဲကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံအခြေစိုက် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံးသည် မြန်မာနိုင်ငံ အောင်ရွှေထီးအများပိုင်ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထို

Yunnan Gateway, February 3, 2023
Size:

ဇန်နဝါရီလ၂၇ ရက်နေ့တွင် တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံအခြေစိုက် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် မြန်မာနိုင်ငံ အောင်ရွှေထီးအများပိုင်ကုမ္ပဏီလီမိတက်နှင့် လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးစံပြဇုန်၊ စားသောက်ကုန်ထုတ်လုပ်ရေးနှင့် CMP စက်ရုံများစသည့် ပို့ကုန်ထုတ်လုပ်ရေးဥယျာဥ်ဇုန်နှင့် ပတ်သက်သော ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ရွှေလီမြို့ အရေးပါသော အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် တံခါးဖွင့်မှုစမ်းသပ်ဇုန်ကို အရှိန်မြှင့်တင်ကာ တည်ဆောက်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံတို့ စီးပွားရေး စဉ်ဆက်မပြတ် နက်နက်ရှိုင်းရှိုင်း ဖွံ့ဖြိုးတိုးတက်ရန် ဖော်ဆောင်မည်ဖြစ်ကြောင်း သိရပါသည်။

ဧရာဝတီတိုင်းဒေသကြီးသည် ပထဝီဝင်အနေအထားအရ သာလွန်ကောင်းမွန်ပြီး ရေခံမြေခံကောင်း ပိုင်ဆိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် အဓိကစပါးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း မြန်မာဘက်မှ တာဝန်ခံတစ်ဦးက အဆိုပါလက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ယခုအကြိမ် တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံအခြေစိုက် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် မြန်မာနိုင်ငံ အောင်ရွှေထီးအများပိုင်ကုမ္ပဏီလီမိတက်နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့်အတွက် လယ်ယာစိုက်ပျိုးရေး အဆင့်မြင့်တင်ကာ အသွင်ပြောင်းလဲပြီး ထုတ်လုပ်မှုလုပ်ငန်းကွင်းဆက်ချဲ့ထွင်ရန် အထောက်အကူပြုနိုင်သည့်အပြင် အလုပ်အကိုင်နေရာများ ဖန်တီးပေးကာ မြန်မာ-တရုတ် နှစ်နိုင်ငံတို့၏ အကျိုးတူစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ဆက်လက်ပြောကြားပါသည်။

အနာဂတ်တွင် တယ်ဟုန်ပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံအခြေစိုက် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးသည် မြန်မာနိုင်ငံအစိုးရဌာနများ၊ စီးပွားရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့များနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုဆက်ဆံရေးကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ချစ်ခင်ရင်းနှီးစွာ ဖလှယ်ဆက်ဆံရေးနှင့် ကူးသန်းရောင်းဝယ်ရေးတို့အတွက် ဖွံ့ဖြိုးတိုးတက်မှုပလက်ဖောင်းကို တည်ဆောက်ရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါသည်။ (ဆောင်းပါးအရင်းအမြစ် - တယ်ဟုန်ပြည်နယ်ခွဲကုန်သည်ကြီးများအသင်း မြန်မာနိုင်ငံအခြေစိုက် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ်ရုံး၊ ဘာသာပြန် - Yunnan gateway)