တရုတ်-လာအို မီးရထားများသည် ခရီးသည် ၁၀ သန်းကျော် ပို့ဆောင်ပေးခဲ့

CRI, February 2, 2023
Size:

တရုတ်-လာအို မီးရထားလမ်း စတင်ဖွင့်လှစ်ချိန်မှစ၍ "Fuxing" နှင့် "Lancang" မြန်နှုန်းမြင့်ရထားများသည် ဘေးကင်းလုံခြုံ အချိန်မှန် မြန်ဆန်၊ သက်တောင့်သက်သာရှိစွာ ခုတ်မောင်းပြီး ရထားလမ်းတစ်လျှောက်ရှိ မြို့များကြား သွားလာချိန် တိုတောင်းစေ၍ နှစ်နိုင်ငံပြည်သူများ နှစ်သက်ကြကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ခရီးသည်တင်ရထား စုစုပေါင်း အကြိမ် ၂ သောင်း ပြေးဆွဲခဲ့ပြီး ခရီးသည် ၁၀၃ သိန်းကို ပို့ဆောင်ပေးခဲ့ကြောင်း China Railway Kunming Group Co.,Ltd မှ သိရပါသည်။