မြန်မာနိုင်ငံတွင် အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို ၆ လ ထပ်တိုး

CRI, February 2, 2023
Size:

ဇန်နဝါရီလ ၃၁ ရက်နေ့က နေပြည်တော်၌ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် အစည်းအဝေးကျင်းပပြီး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို ၆ လ ထပ်တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံတော်ပိုင်မီဒီယာက ကြေညာချက် ထုတ်ပြန်ခဲ့ပါသည်။

ယခုအကြိမ် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်ရှိအချိန်တွင် အကြမ်းဖက်တိုက်ခိုက်မှု နှင့် လုံခြုံရေးတပ်ဖွဲ့များအား ရည်ရွယ် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံရေးအာဏာ အကြမ်းဖက်ခြိမ်းခြောက်မှုခံနေရပြီး ပုံမှန်မဟုတ်သော အခြေအနေတွင် တည်ရှိနေသေးသည်ဟု ယူဆကြောင်း ပြောကြားခဲ့ပါသည်။