China Media Group ၏ ရုပ်သံအစီအစဉ်သည် ထိုင်း Golden Ginnaree Awards ရရှိ

CRI, January 31, 2023
Size:

မကြာခင်က China Media Group နှင့် ထိုင်း NATION ရုပ်မြင်သံကြားဌာနတို့ ပူးပေါင်းထုတ်လုပ် သည့် ရုပ်သံအစီအစဉ် တစ်ခုသည် အဌမ အကြိမ်မြောက် ထိုင်းနိုင်ငံ Golden Ginnaree Awards ၏ “အများပြည်သူ့ မီဒီယာ” နယ်ပယ်က အကောင်းဆုံး ရုပ်သံအစီအစဉ်ဆု ရရှိခဲ့ပါသည်။ Golden Ginnaree Awards သည် ထိုင်းရုပ်သံလောကတွင် သြဇာလွှမ်းမိုးမှု အရှိဆုံးဆုများအနက် တစ်ခု အပါအဝင် ဖြစ်ပြီး ယင်းသည် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားမီဒီယာမှ ထုတ်လုပ်သည့် အစီအစဉ်အား ချီမြှင့်ခြင်း ဖြစ်ပါသည်။ ထိုင်းဆုချီးမြှင့်သူက ၎င်းအစီအစဉ်သည် ထိုင်းပရိသတ်များအတွက် စစ်မှန်သော တရုတ်ပြည်ကို သိရှိနားလည်ရန် ပြတင်းပေါက်တစ်ခု ဖွင့်ပေးကြောင်း ဖော်ပြခဲ့ပါသည်။

၎င်းရုပ်သံအစီအစဉ်တွင် “THAI PEOPLE IN CHINA” “CHINA TALK” နှင့် “CHINA THAI SPECIAL” ဆိုသည့် အစီအစဉ် ၃ ခု ပါဝင်ပါသည်။ Golden Ginnaree Awards ကို ထိုင်း အမျိုးသား ပညာရေးနှင့် ယဉ်ကျေးမှု တိုးမြှင့်ရေးအသင်းက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါသည်။