တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ပို့ဆောင်သည့် ခရီးသည်ဦးရေ ၆၈၀၀၀ ရှိပြီး သမိုင်းဝင် စံချိန်တင်မြင့်တက်ခဲ့

Yunnan Gateway, January 29, 2023
Size:

တရုတ်နှစ်သစ်ကူးပွဲတော် ရုံးပိတ်ရက်များအတွင်း တရုတ်-လာအိုရထားလမ်းတစ်လျှောက် ခရီးသည်ဦးရေ များပြားလှပါသည်။ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် ခရီးသည်တင်မြန်နှုန်းမြင့်ရထားတွဲ ၃၅ တွဲ ပြေးဆွဲကာ ခရီးသည် ၆၈၀၀၀ ဦးအား ပို့ဆောင်ခဲ့ရာ ခရီးသည်ဦးရေ အများဆုံးပို့ဆောင်ပေးခဲ့ရပြီး အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။

၎င်းအနက် တရုတ်-လာအိုရထားလမ်းတစ်လျှောက်၌ တရုတ်နိုင်ငံပြည်တွင်းတွင် ခရီးသည် ၆၁၀၀၀ ဦးနှင့် လာအိုနိုင်ငံပြည်တွင်းတွင် ခရီးသည် ၇၀၀၀ ဦး ပို့ဆောင်ပြီး စတင်ပြေးဆွဲသည့်အချိန်မှစ၍ သမိုင်းဝင် စံချိန်တင်ခဲ့သည်။ (ဆောင်းပါးအရင်းအမြစ် - YUNNAN.CN။ ဘာသာပြန် - Yunnan gateway)