မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဗဟို (မြန်မာနိုင်ငံ) မှ တရုတ်နှစ်သစ်ကူးနေ့အတွက် မီဒီယာကတစ်ဆင့် နှစ်သစ်ကူးဆုတောင်းမင်္ဂလာစကား ပြောကြား

CRI, January 21, 2023
Size:

၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၁) ရက်နေ့ ဒီကနေ့မှာ ကျရောက်သည့် တရုတ်နှစ်သစ်ကူးနေ့အတွက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဗဟိုမှ ဥက္ကဌ ဦးစိန်ဝင်းအောင်က မီဒီယာကတစ်ဆင့် နှစ်သစ်ကူးဆုတောင်းမင်္ဂလာစကား ပြောကြားပါသည်။ ၎င်းက ပြောကြားသည်မှာ တရုတ်နှစ်ကူးနွေဦးပွဲတော်အခါသမယ ရောက်ရှိလာမည့်အချိန်ခါတွင်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းက တရုတ်ပြည်သူများကို နှစ်သစ်နှုတ်ခွန်း ဆက်သလိုက်ပါကြောင်း၊ တရုတ်ယုန်နှစ် နှစ်သစ်ကူးပွဲတော်အချိန်ခါသမယတွင်၊ တရုတ်ပြည်သူများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ‌ကြောင်း၊ မြန်မာ-တရုတ်နှစ်နှိင်ငံ နှစ်သစ်ကာလတွင် ဆွေးနွေးဖလှယ်မှုများ ထပ်တိုးကာ၊ အပြန်အလှန် နားလည်မှုများ တိုးပွားပါစေကြောင်းနှင့် နှစ်နိုင်ငံ ပြည်သူများအကြား ဆွေးမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ပါစေကြောင်း၊ ဆန္ဒပြုအပ်ပါတယ်လို့ ပြောကြားခဲ့ပါသည်။