ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်သည် ယုန်နှစ် တရုတ်နှစ်သစ်ကူး အခမ်းအနားသို့ တက်ရောက်

CRI, January 20, 2023
Size:

ထိုင်းနိုင်ငံ အလယ်ပိုင်းဒေသ တရုတ်လူမျိုးများ စုစည်းနေထိုင်သည့် Ratchaburi ပြည်နယ်တွင် ၁၉ ရက်နေ့က တရုတ်နှစ်သစ်ကူးအခမ်းအနားကို ကျင်းပခဲ့ကြောင်း၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တရုတ်ခရီးသည်များအား နွေးထွေးစွာ ကြိုဆိုသည်ဟု ပြောကြားကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုင်း-တရုတ်ချစ်ကြည်ရေးသည် ကြာရှည်သောသမိုင်းရှိကြောင်း၊ Ratchaburi ပြည်နယ်သည် သမိုင်းကြောင်းတွင် ထိုင်းနိုင်ငံရှိ တရုတ်လူမျိုးများ အဓိကစုစည်းနေထိုင်ကြသောနေရာများထဲမှ တစ်ခုဖြစ်ကြောင်း၊ ထိုင်းနိုင်ငံပြည်သူများသည်လည်း တရုတ်နှစ်သစ်ကူးသော ဓလေ့ထုံးစံရှိကြောင်း၊ ထိုင်း-တရုတ်အကြား သံတမန်အဆက်အသွယ်ထားရှိခဲ့လာပြီးနောက် နှစ်နိုင်ငံတို့သည် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းလာစေပြီး နှစ်နိုင်ငံပြည်သူများအတွက် သုခချမ်းသာကို ယူဆောင်လာကြောင်း၊ ယခုတလော တရုတ်နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်ရေးမူဝါဒကို ပြောင်းလဲလာသည်နှင့်အမျှ ထိုင်းနိုင်ငံပြည်သူများသည် တရုတ်ခရီးသည်များအား ကြိုဆိုရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပရာယွတ်က ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။