၂၀၂၂ ခုနှစ် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ်ပူးတွဲကင်းလှည့်ရေးတရားဥပ‌ဒေစိုးမိုးမှုတွင် မူးယစ်ဆေးဝါး ၃.၁၉ တန် သိမ်းဆည်းရမိ

lmcchina.org, January 19, 2023
Size:

၂၀၂၂ ခုနှစ် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး တရားဥပ‌ဒေစိုးမိုးမှုလုပ်ငန်း ခြုံငုံသုံးသပ်အစည်းအဝေးကို ဗီဒီယိုပုံစံဖြင့် မကြာမီရက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရပါသည်။ ၂၀၂၂ ခုနှစ်က အဆိုပါ ၄ နိုင်ငံမှ ဥပ‌ဒေစိုးမိုး‌ရေးဌာနများသည် မူးယစ်ဆေးဝါး တန်ချိန်စုစုပေါင်း ၃.၁၉ တန် သိမ်းဆည်းရမိခဲ့ကြောင်း ယင်းအစည်းအဝေးတွင် ဖော်ပြပါသည်။

ယခုအကြိမ်အစည်းအဝေးကို မြန်မာနိုင်ငံမှ ကြီးမှူးကျင်းပ၍ ရည်ရွယ်ချက်မှာ ၂၀၂၂ ခုနှစ်တွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံ မဲခေါင်မြစ် ပူးတွဲကင်းလှည့်‌ရေး တရားဥပ‌ဒေစိုးမိုးမှုလုပ်ငန်း ရလဒ်များအား ခြုံငုံသုံးသပ်ကာ ၂၀၂၃ ခုနှစ်တွင် တရားဥပဒေစိုးမိုးရေး လုံခြုံမှုပူးပေါင်းဆောင်ရွက်မှု‌ ရှေ့အလားအလာများကို မျှော်မှန်းရန် ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင်၊ လေးနိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများသည်  "ထိတွေ့ဆက်ဆံမှုမရှိဘဲ" ပူးတွဲလုပ်ဆောင်မှုပုံစံဖြင့် အခက်အခဲများကို အတူကျော်လွှားပြီး စုစုပေါင်း ပူးတွဲကင်းလှည့်ရေး တရားဥပဒေစိုးမိုးမှုလှုပ်ရှားမှု ၁၂ ကြိမ်၊ အခြေစိုက်လေ့ကျင့်ကင်းလှည့်မှု အကြိမ် ၈၀၊ တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှု အမျိုးမျိုး ၁၆၂ ကြိမ်၊  တရားဥပဒေစိုးမိုး‌ရေးရေယဥ်ဖြင့် သွားရောက်မှု ၂၀၄ ကြိမ်၊ တရားဥပဒေစိုးမိုးရေးဝန်ထမ်းများ သွားရောက်မှုလူဦးရေး ၂၇၀၀၊ ပုံမှန်မြစ်ရေပြင်တွင် ရဲများနှင့် တွေ့ဆုံနှုန်းကို ရာခိုင်နှုန်း ၈၀ အထက် ထိန်းသိမ်းထားပြီး၊ အရေးပါအခြေအနေများတွင် ရာနှုန်းပြည့် ရှိခဲ့ကြောင်း အစည်းအဝေးတွင် ဖော်ပြပါသည်။

စာရင်းဇယားများအရ အဆိုပါ ၄ နိုင်ငံမှ ဥပဒေစိုးမိုးရေးဌာနများသည် တစ်နှစ်ပတ်လုံးတွင် အမှုအမျိုးအစားမျိုးစုံ ၂၂ မှုကို စုံစမ်းဖော်ထုတ်ခဲ့ပြီး ပြစ်မှုကျူးလွန်ကြောင်းသံသယရှိသူပေါင်း ၆၃၈ ဦး၊ မူးယစ်ဆေးဝါးတန်ချိန် ၃.၁၉ တန်၊ တရားမဝင် နယ်စပ်ဖြတ်ကျော်သူ ၂၂ ဦး ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အနီရောင်ဝရမ်းပြေး အမိန့်ထုတ်ပြန်ခံထားရသည့် ဝရမ်းပြေး ၂ ဦးကို ဖမ်းဆီးရမိခဲ့ကာ ဆိုးရွားသော အမှုဖြစ်ပွားမှု လုံးဝမရှိခဲ့ကြောင်း သိရသည်။ မဲခေါင်မြစ်ဝှမ်းတစ်လျှောက် ထိရောက်စွာ တားဆီးခဲ့သလို နိုင်ငံတကာ ရေကြောင်းပို့ဆောင်မှုလုံခြုံရေးနှင့် ကမ်းရိုးတမ်းတစ်လျှောက် နိုင်ငံများမှ ပြည်သူများ၏ တရားဥပဒေနှင့်အညီ ပိုင်ဆိုင်ခွင့်များကို ထိရောက်စွာ ကာကွယ်စောင့်ရှောက်ပေးခဲ့ပါသည်။